Full article

Hyundai Motor Myanmar ကားအရောင်းပြခန်းမှ ပြည်တွင်းဈေးကွက်သို့အသစ်ရောက်ရှိလာသည့် Sonata, Elantra, i-30 ကားအမျိုးအစားသုံးမျိုးကို အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ငွေကျပ်သိန်း ၃ဝ ဝန်းကျင် ဈေးလျှော့ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ဈေးလျှော့ရောင်းချရာတွင် Sonata Auto Gear ကားကို ယခင်က ကျပ် ၄၂၆ သိန်းဖြင့် ရောင်းချ ခဲ့ရာမှ ယခုကျပ် ၃၉၉ သိန်းဖြင့်လည်းကောင်း၊ Elantra Auto Gear ကားကို ယခင်က ကျပ် ၃၄၅ သိန်းဖြင့် ရောင်းချခဲ့ရာမှ ယခုကျပ် ၃ဝ၉ သိန်းဖြင့်လည်းကောင်း၊ Elantra Manual ကားကို ကျပ် ၃၃၅ သိန်းမှ ယခုကျပ် ၂၉၉ သိန်းဖြင့်လည်းကောင်း၊ Elantra Luxury Grade ကားကို ကျပ် ၃၇၉ သိန်းမှ ယခု ကျပ် ၃၄၃ သိန်းဖြင့် လည်းကောင်း၊ i-30 Auto Gear ကားကို ၃၃၉ သိန်းမှ ယခုကျပ် ၃ဝ၅ သိန်းဖြင့်လည်းကောင်း၊ i-30 Luxury Grade ကားကို ကျပ် ၃၇၃ သိန်းမှ ကျပ် ၃၃၉ သိန်းသို့ သီတင်းကျွတ်၊တန်ဆောင်တိုင် နှစ်လတွင် အထူးလျှော့ ဈေးဖြင့်ရောင်းချပေးသွားမည်ဖြစ်သည်။ Hyundai Motor Myanmar သည် မြန်မာနိုင်ငံ၏ တစ်ဦးတည်းကိုယ် စားလှယ်အဖြစ် ရန်ကုန်မြို့တွင် Hyundai အမှတ်တံဆိပ်ဖြင့် Saloon, Sedan, SUV, Sport Type, Hatchback စသည့် အိမ်စီးကားများနှင့် Van, Light Truck စသည့်လုပ်ငန်းသုံးကားများကို တောင်ကိုရီးယား နိုင်ငံမှ တိုက်ရိုက်တင်သွင်းမှာယူရောင်းချလျက်ရှိသည်။

Hyundai Motor Myanmar ကားအရောင်းပြခန်းသည် ရန်ကုန်မြို့တွင်သာမက မန္တလေး၊ ပုသိမ်၊ ပြည်၊ နေပြည်တော်၊ တောင်ကြီး၊ မကွေး၊ မော်လမြိုင်၊ ပြင်ဦးလွင်၊ မုံရွာ၊ လွိုင်ကော်၊ လားရှိုးမြို့တို့တွင် အရောင်းကိုယ် စားလှယ်များ ထားရှိပြီး Hyundai Brand New ကားများကို ကားတန်ဖိုး ၃ဝ% မှ ၅ဝ% အထိ ပေးချေ၍ တစ်နှစ်မှ သုံးနှစ်အထိ အရစ်ကျစနစ်ဖြင့် ဝယ်ယူရရှိနိုင်၍ သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်း အာမခံပေးလျက် ရှိကြောင်း သိရသည်။

Ref: Auto Mobile Journal မှ ကူးယူဖေါ်ပြသည်။

Author