Full article

၂၀၁၅ ခုနှစ်အတွက်တင်သွင်းရမည့် မော်ဒယ်အပြောင်းအလဲမျေားကြာင့် လာမည့်နှစ်တွင်ဖိုးဝှီးကားများ ဈေးအနည်းငယ်တက်ကာဆလွန်းအမျိုးအစားထဲ၌ Crown နှင့် Mark X ကားများမှာမှာယူမှုများလာနိုင်ကြောင်း Cars Sale Center ပိုင်ရှင်တစ်ဦးမြှပောကြားခဲ့သည်။

ယခုလက်ရှိအချိန်တွင် မြန်မြာပည်အကြိုက်မှာ (96,97,98,99) မော်ဒယ် ဖိုးဝှီးကားမျြားဖစ်ပြီး ၂၀၁၅ ခုနှစ်တွင် ၂၀၀၃ ခုနှစ်မှတင်သွင်းရနိုင်ဖွယ်ရှေိကြာင်း သိရသည်။ ပြည်တွင်းသုံးစွဲသူများမှ ဖိုးဝှီးကားများဆိုပါက မော်ဒယ်အနိမ့်အင်ဂျင်ပိုင်းအား ပိုမိုကြိုက်နှစ်သက်ကာ ရောင်းချေသာလုပ်ငန်းပိုင်ရှင်များဘက်မှလည်း ၂၀၀၀ အောက်မော်ဒယ်နိမ့်ဖိုးဝှီးကားများကိုသာ အများဆုံးတင်သွင်းရောင်းချေကြာင်း သိရသည်။

နှစ်ကုန်ပိုင်းသို့ရောက်ရှိလာပြီး ၂၀၀၀ မော်ဒယ်တင်သွင်းခွင့်လိုင်စင်သက်တမ်း ကုန်ဆုံးချိန်နီးလာသည် နှင့်အမျှ တင်သွင်းမှုပိုများလာကာ ၂၀၁၅ တွင် မော်ဒယ် ၂၀၀၃ မှစတင်ပါက ဈေးအနည်းငယ်တက်လာနိုင် ကြောင်း ဖိုးဝှီးကားများသီးသန့်တင်သွင်းရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးကပြောပခဲ့သည်။

လာမည့်နှစ်တွင် စလစ်ကပ်ကားနှင့် Free Premit တင်သွင်းမည့်ကားများအား အခွန်တစ်ပြေးညီ ကောက်ခြံခင်းနှင့် မော်ဒယ်မြင့်တင်သွင်းရခြင်းတို့ကြောင့် အဆိုပါဖိုးဝှီးကားများ၏ ဈေးနှုန်းမှာ လက်ရှေိဈးနှုန်း ထက် ကျပ်သိန်း ၂၀ ခန့် မြင့်တက်လာနိုင်ဖွယ်ရှေိကြာင်းသုံးသပ်ပြသည်။

စလစ်ကပ် သွင်းရမည့်ကားများ ၂၀၀၃ မှစတင်ဖွယ်ရှိသည့်အတွက် ဆလွန်းကားအမျိုးအစားထဲမှ ပြည် တွင်းအကြိုက်ဖြစ်သော Crown နှင့် Mark X (2003-2004) မော်ဒယ်များမှာလည်း မှာယူမှုများလာနိုင်ကြောင်း သုံးသပ်ပြောဆိုခဲ့သည်။

Ref: Auto World Journal မှထုတ်နှုတ်ဖေါ်ပြသည်။

Author