Full article

ကားဟောင်းဖြစ်စေ၊ ကားသစ်ဖြစ်စေ ရောင်းချသူဘက်မှ ဝယ်ယူသူအား Warranty တစ်ခုပေးထားနိုင် ပါက ပိုမိုအဆင်ပြေနိုင်ကြောင်း ကားအရောင်းစင်တာတစ်ခုမှ အရောင်းတာဝန်ခံတစ်ဦးက ပြောပြခဲ့သည်။

ကားများပြည်တွင်းသို့တင်သွင်းရောင်းချရာတွင် အစိုးရပိုင်းမှ Safety ပိုင်းအား ဂရုစိုက်ကြပ်မတ်ပေးရန် လိုအပ်ပြီး ရောင်းချသည့်ဘက်မှလည်းသေချာစွာရှင်းလင်းပေးသင့်ကြောင်း ပြောပြခဲ့သည်။ ဝယ်ယူသူဘက်မှ လည်းမိမိတို့အသိဖြင့် အမြဲတစေ ဂရုစိုက်ရန်လိုအပ်ပြီး ပြင်ဆင်သူများဘက်မှလည်း တတ်ကျွမ်းနားလည်ရန်လို အပ်ကြောင်းသိရသည်။

ကား၏ Safety ပိုင်းနှင့်ပတ်သတ်သည့် အသေးစိတ်အချက်အလက်များကို ရောင်းချသူဘက်မှဝယ်ယူ သူအား သေချာစွာရှင်းလင်းပြောဆိုပါက ပိုမိုကောင်းမွန်နိုင်ကြောင်း သုံးသပ်ပြသည်။

" ရောင်းတဲ့သူဘက်က ဝယ်သူဘက်ကို သေချာပြောပြသင့်တယ်။ ဥပမာ- ဒီတာယာက ကီလို ၁ဝဝ သတ်မှတ်ထားတယ်။ ကျော်ရင်ဘာဖြစ်နို်ငတယ်ဆိုတာမျိုး သတိပေးသင့်တယ်။ သူသူကိုယ်ကိုယ်မောင်းရင်းနဲ့ ၁၂ဝ ကျော်သွားတယ်ဆိုတာမျိုးဖြစ်တတ်တယ်။ ဒီကားသစ်ကတော့ ၁၃ဝ- ၁၄ဝ လည်းမောင်းလို့ရမှာပဲ။ မောင်း ချင်ကြတာပဲ။ စရောင်းကတည်းက Customer ကို ဒီတာယာကတော့ဒီလိုသတ်မှတ်ချက်မျိုးရှိပါတယ်ဆိုတာ ပြောပြပေးသင့်တယ်" ဟုရှင်းပြခဲ့သည်။

အကယ်၍ အသုံးပြုသူမှ မိမိကိုယ်ကို အာမခံချက်မရှိ၍ ကျော်လွန်မောင်းနှင်နိုင်ပါက ပို၍မြင့်သည့်စံနှုန်း သတ်မှတ်ချက်ရှိသော ပစ္စည်းမျိုးကိုအသုံးပြုသင့်ကြောင်း အကြံပြုပြောဆိုသည်။ ရောင်းချသူဘက်မှတာဝန်ယူ ပေးရသည်ဆိုသော်လည်း ကားများကိုပြင်ဆင်ရသည့် Technician များနှင့်လည်း သက်ဆိုင်ကာဘက်စုံလိုအပ် ချက်ရှိ်ကြောင်း ထောက်ပြသည်။

"အဘက်ဘက်ကလိုတယ်။ နိုင်ငံခြားမှာကားတင်သွင်းလာရင် အစိုးရပိုင်းက Safety ပိုင်းကိုကြပ်မတ် တယ်။ နောက်ကားတစ်စီးကိုပြင်တဲ့ဝပ်ရှော့ကပြင်လိုက်ပါပြီတဲ့ ၊ ကိုယ်ဘယ်နေ့ဘယ်ရက်မှာ ဘယ်နေရာကိုပြင် လိုက်ရတယ်ဆိုတာ လက်မှတ်ထိုးရတယ်။ ကားပြင်ပြီး အကယ်၍များဒီကားဟာ တစ်ပတ် ဆယ်ရက်အလိုမှာ ဖြစ်စေ ဘရိတ်ပေါက်လို့ Accident ဖြစ်ပြီး လူသေသွားရင် ပြင်ဆင်သူကိုတရားစွဲလို့ရတယ်" ဟု ၄င်းကရှင်းပြခဲ့ သည်။

Ref: Auto World Journal မှကူးယူဖေါ်ပြသည်။

Author