Full article

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် ယာဉ်ပိုင်ရှင်များဆန္ဒအရ အပူးနံပါတ်များကို ကြိုတင်ရောင်းချပေးခဲ့ရာတွင် 2I အက္ခရာအပူးနံပါတ်များအားလုံး ရောင်းချပြီးဖြစ်ကာ 3I၊ 5I၊ 7I၊ 9I အပူးနံ ပါတ်တစ်ခုစီကို ကြိုတင်ရောင်းချနိုင်ခဲ့ကြောင်း ထောက်ကြံ ကညန ရုံးမှသိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရောင်းချပြီးဖြစ်သော 2I အပူးနံပါတ်များထဲတွင် 2I/1111 မှာ ဝယ်ယူသူမရှိသဖြင့် 2I/2222 ကို ကျပ် ၁၈ သိန်းဖြင့်လည်းကောင်း၊ 2I/3333 ကို ကျပ် ၁၆ သိန်းဖြင့်လည်း ကောင်း၊ 2I/4444 ကို ကျပ် ၁၄ သိန်းဖြင့်လည်းကောင်း၊ 2I/5555 ကို ကျပ် ၁၆ သိန်းဖြင့်လည်းကောင်း၊ 2I/6666 ကို ကျပ် သိန်းနှစ်ဆယ်ဖြင့်လည်းကောင်း၊ 2I/7777 ကို ကျပ် ၁၆ သိန်းဖြင့်လည်းကောင်း၊ 2I/8888 ကို ကျပ်သိန်းနှစ်ဆယ် ဖြင့်လည်းကောင်း၊ 2I/9999 ကို ကျပ် ၂၈ သိန်းဖြင့်လည်းကောင်း ရောင်းချပေးခဲ့သည်။ ထို့အပြင် အပူးနံပါတ်ကြိုတင်ရောင်းချမှုစာရင်းများအရ 3I/3333 ကို ကျပ် ၃၄ သိန်းဖြင့်လည်းကောင်း၊ 5I/5555 ကို ကျပ် ၃၈ သိန်းဖြင့်လည်းကောင်း၊ 7I/7777 ကို ကျပ်သိန်း ၁၂ဝ ဖြင့်လည်းကောင်း၊ 9I/9999 ကို ကျပ် ၂၁၂ သိန်းဖြင့်လည်းကောင်း ကြိုတင်ရောင်းချခဲ့ပြီးဖြစ်သည်။

ယာဉ်ပိုင်ရှင်များဆန္ဒအရ နံပါတ်အလှများကြိုတင်ရောင်းချခြင်းကိစ္စနှင့်ပတ်သတ်၍ ထောက်ကြံ့ ကညန ရုံးမှတာဝန်ရှိသူတစ်ဦးက "ယာဉ်ပိုင်ရှင်တွေက စိတ်ကြိုက်နံပါတ်တွေကို ကြိုတင်ဝယ်ယူတဲ့အခါ အရင် လို အက္ခရာအများကြီးကိုကျော်ပြီး မဝယ်တော့ပါဘူး၊ 2I/1111 ဆိုရင် ဝယ်ယူတဲ့သူမရှိတဲ့အတွက် ပုံမှန် အက္ခရာရွေးတဲ့အထဲကိုပဲ ထည့်ပြီးရွေးချယ်စေခဲ့ပါတယ်၊ ဒီလိုလုပ်ပေးလိုက်တဲ့အတွက် အဲဒီနံပါတ်ကို ပုံမှန်နံ ပါတ်ဈေးအတိုင်း ရနိုင်မှာပါ" ဟု ပြောကြားသည်။

ထောက်ကြံ့ ကညန ရုံးအနေဖြင့် နှစ်တန်အောက်လူစီးများကို ကနဦးမှတ်ပုံတင်များလုပ်ပေးလျက်ရှိရာ အောက်တိုဘာ ၂၉ ရက်အထိ 2I/5303 သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

Credit: Auto Mobile Journal မှ ကူးယူဖေါ်ပြသည်။

Author