Full article

ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းအတွက် Free Permit ဖြင့် မော်တော်ယာဉ်တင်သွင်းမှုအား ပိတ်သိမ်းနိုင်ချေရှိသည်ဟူသည့်သတင်းနှင့် အခွန်တိုးမြင့်ကောက်ခံမည်ဆိုသောကြောင့် အဝယ်ပြန်လိုက်လာ သော်လည်း ကားဈေးကွက်မှာအေးနေဆဲဖြစ်ပြီး မှန်းဆမရနိုင်သေးကြောင်း ကားလုပ်ငန်းလုပ်ကိုင်သူများထံမှ စုံစမ်းသိရှိရသည်။

ကားအရောင်းအဝယ်အေးခြင်းနှင့်အတူ စလစ်ဈေးမှာအနည်းငယ်ကျဆင်းနေပြီး စက်မှုဇုန်ကားဟောင်း တစ်စီးလျှင် ၄၃ သိန်းဝင်းကျင်၊ `၁က၊ ၂က´ အက္ခရာကားဟောင်းတစ်စီး နာမည်ပေါက်စလစ်တစ်စောင်လျှင် ၆၂ သိန်းဝင်းကျင်ရှိနေကြောင်းသိရသည်။

စလစ်ကပ်ရမည့်ကားဟောင်းများ လေလံတွင်ဈေးမြင့်တက်မှုကြောင့်လည်း အရောင်းအဝယ်အေးနေ ကာ Free Permit ပိတ်/မပိတ် ဆိုသည့်အချက်ကြောင့်လည်း အချို့ကုမ္ပဏီများတွင်မူ အဝယ်အနည်းငယ်လိုက် လာကြောင်း လေလံကုမ္ပဏီ ဒါရိုက်တာတစ်ဦးက ပြောပြသည်။

"အခုက ရန်ကုန်မြို့တွင်းအတွက် Free Permit သွင်းတာ ပိတ်မယ်ဆိုတာမျိုးလည်းကြားနေရတော့ တ ချို့ကအဝယ်ပြန်လိုက်လာတယ်။ အရင်နှစ်ပတ်က တော်တော်ကြီးကိုအေးနေတာ။ တခြားကုမ္ပဏီတွေတော့ မ သိဘူး။ Free Permit သတင်းကြောင့် ကျွန်တော်တို့ ကုမ္ပဏီမှာတော့ အဝယ်ပြန်လိုက်လာတယ်" ဟု ပြောပြခဲ့ သည်။

အခွန်နှုန်းထားလျော့ချခြင်း မရှိတော့ဘဲ Free Permit ပိတ်သိမ်းလျှင် ကားဈေးနှုန်းများ ထပ်မံကျဆင်း တော့မည်မဟုတ်သဖြင့် ကြိုတင်တွက်ဆ ဝယ်ယူလာခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြသည်။ သီရိမင်္ဂလာဈေး ဟောင်း ယာဉ်ရောင်းဝယ်ရေးစခန်းတွင်လည်း CIF တန်ဖိုးနည်းသောအောက်ကားများ အဝယ်ပြန်လိုက်လာပြီး ဒေါ်လာ ၁၅ဝဝဝ အထက်အပေါ်ကားများမှာ အဝယ်အေးစက်ဆဲဖြစ်ကြောင်း သိရသည်။ လှိုင်ဘာတာကားဝင်း အတွင်း၌မူ မိုးရွာသွန်းခဲ့မှုကြောင့် အဝယ်မလိုက်သလောက်နည်းပါးနေကာ အရောင်းအဝယ်မရှိကြောင်း ကား ဝယ်ရောင်း အကျိုးတော်ဆောင်ကြီးတစ်ဦးက ပြောပြခဲ့သည်။

Cerdit: Auto World Journal

Author