Full article

Space Cab ကားများတွင် နောက် ဖုံးပါဝင်လာပါက သတ်မှတ်ထား သည့် CIF တန်ဖိုးအပြင် အခွန်ပို မိုပေးဆောင်နေရခြင်းမှာ မဖြစ်သင့် ကြောင်း မော်တော်ယာဉ်တင်သွင်း သူများက ဆိုခဲ့သည်။

ဆိပ်ကမ်းများ၌ ရောက်ရှိလာ သော Space Cab များကို နောက် ဖုံးပါဝင်လာပါက အကောက်ခွန်ဦး စီးဌာနမှ အခွန်စီးကြပ်ရာတွင် သတ် မှတ်ထားသော CIF တန်ဖိုးအပြင် အပိုကြေး ဒေါ်လာတစ်ထောင် ပေးဆောင်နေရသည်။ အကောက် ခွန်ဦးစီးဌာနမှ မော်တော်ယာဉ် များအား အခွန်ကြီးကြပ်ရာ၌ အပို ပစ္စည်းများ ပါဝင်လာပါက အပို ကြေး သတ်မှတ်ရာတွင် ှစခေန ဃဘေ အချို့သည် စက်ရုံမှထုတ် လုပ်ထားသည့် မူရင်း ပုံစံအတိုင်း နောက်ဖုံးများ ပါဝင်လာရာတွင် အပိုပစ္စည်းဟု သတ်မှတ်ကာ သတ်မှတ်တန်ဖိုးထက် ပိုမိုပေး ဆောင်နေရသည်။

" ကားတွေကို အခွန်ကောက် ခံတဲ့နေရာမှာ သတ်မှတ်ထားတဲ့ အခွန်နှုန်းထားအတိုင်းပဲ ကောက် ခံသင့်ပါတယ်၊ CIF တန်ဖိုးသတ် မှတ်တဲ့နေရာမှာလည်း ကားတစ် စီးမှာ ပါရှိနိုင်မယ့် ပစ္စည်းတွေကို ထည့်သွင်းစဉ်းစားပြီးမှ အခွန်သတ် မှတ်သင့်ပါတယ်၊ ဒီလိုမဟုတ်ဘဲ Original ပါရှိတဲ့ပစ္စည်းတွေကို အ ပိုကြေးတွေ ကောက်ခံနေတာ မဖြစ်သင့်ပါဘူး" ဟု  WK ကားအ ရောင်းစင်တာ  မန်နေဂျင်းဒါရိုက် တာ ဒေါက်တာဝင်းကိုကဆိုသည်။

ထိုသို့ Space Cab များတွင် နောက်ဖုံးများ ပါဝင်လာပါက အပို ပစ္စည်းကောက်ခံခြင်းနှင့် ပတ်သက် ၍ အကောက်ခွန်ဦးစီးဌာနမှ တာ ဝန်ရှိသူတစ်ဦးက  "Pick-up ကား အမျိုးအစားတွေထဲမှာ တချို့ကား တွေက ပစ္စည်းတင်ဖို့သတ်မှတ်ထား တဲ့နေရာမှာ အဖုံးတွေပါလာတဲ့ကား တွေရှိပါတယ်၊ ဒီလို အဖုံးတွေပါ လာရင် အဖုံးအတွက်ဆိုပြီး သတ် မှတ်ထားတဲ့ အခွန်နှုန်းထားအပြင် အဖုံးအတွက် ဒေါ်လာတစ်ထောင် အခွန်ထပ်ဆောင်း ကောက်ခံပါ တယ်၊ Orginal  အဖုံးပါလာတဲ့ ကားတွေကိုပဲ အခွန်ကောက်ခံ တာ ဖြစ်ပါတယ်၊ မပါတဲ့ကားတွေ ကတော့ သတ်မှတ်ထားတဲ့ CIF တန်ဖိုးအတိုင်းပဲ အခွန်ကောက်ခံ သွားမှာပါ"ဟု ပြောကြားခဲ့သည်။

ထိုသို့ Space Cab များတွင် နောက်ဖုံးများ ပါဝင်လာပါက လည်း လူစီးအတွက် အသုံးပြုရန် မဟုတ်ဘဲ ရေစိုမခံသည့် ပစ္စည်း များကို သယ်ဆောင်ရန်အတွက် ဖြစ်ကြောင်း ကားတင်သွင်းသူ တစ်ဦးက ဆိုခဲ့သည်။ ထို့ပြင် နောက်ဖုံးတစ်ခု၏ အပိုကြေးမှာ ဒေါ်လာတစ်ထောင်အထိ သတ် မှတ်ခြင်းမှာလည်း မဖြစ်သင့် ကြောင်း ဒေါက်တာဝင်းကိုက ပြောကြားသည်။

Credit: Auto Mobile Journal

Author