ထို့အတွက် Free Permit ဖြင့်မော်တော်ယာဉ်တင်သွင်းခွင့်အား လုံးဝပိတ်သိမ်းမှုမပြုလုပ်သည့်တိုင် အောင် အခြားနည်းလမ်းဖြင့်ထိန်းချုပ်ကန့်သတ်ပါက မော်တော်ယာဉ်တင်သွင်းမှု အနည်းငယ်လျော့ကျသွားနိုင် ကြောင်း Car Sales Center ပိုင်ရှင်တစ်ဦးက ပြောသည်။
"ကျွန်တော်ကြားတာတော့ လာမယ့်နှစ် Free Permit နဲ့ သွင်းတဲ့အခါ အခုလက်ရှိပုံစံဖြစ်တဲ့ ၁၈ နှစ် ပြည့်ပြီးသူတိုင်း Bank Account ဖွင့်ပြီး ကားတစ်စီးတင်သွင်းနိုင်တယ်ဆိုတာမျိုးမဟုတ်တော့ဘဲနဲ့ အိမ်ထောင်စု သန်းကောင်စာရင်းတစ်ခုကို ကားတစ်စီးနှုန်းပဲတင်သွင်းခွင့်ပြုမလားပေါ့၊ ပြောရရင်အိမ်လိပ်စာတစ်ခုကို ကားတစ်စီးနှုန်းပေါ့၊ အဲ့လိုဆိုရင်တော့ Free Permit နဲ့သွင်းတာကိုပိတ်တာလည်း မဟုတ်တော့ဘူး၊ လူတိုင်း လည်း မသွင်းရတော့ နည်းနည်းတော့လျော့သွားမယ်ထင်တယ်၊ နောက်ရန်ကုန်တိုင်းဒေသကြီးအတွက် သွင်း တဲ့ (1300 CC ) ကားတွေကို ကညန အခွန်အပြည့်တိုးကောက်ချင်လည်းကောက်နိုင်တယ်၊ သေတော့မသေချာ ပေမယ့် ဒါတွေက Free Permit တင်သွင်းခွင့်ကို တစ်နည်းတစ်ဖုံထိန်းချုပ်ကန့်သတ်ရာရောက်တာပေါ့" ဟု ရှင်း ပြသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက "မသေချာသေးပါဘူး၊ အထက်ကလည်း ဘာမှညွှန်ကြားထားတာမရှိသေးပါဘူး၊ ဒါပေမယ့် ဒီ Free Permit နဲ့ ပတ်သတ်လို့က ခေါင်း စဉ်တွေအများကြီးနဲ့ ဝိုင်းဝန်းဆွေးနွေး အဖြေရှာနေကြဆဲပါ၊ ခုနပြောတဲ့အချက်အလက်တွေက ပြောရရင်ဆွေး နွေးတဲ့အစီအစဉ်ထဲမှာကို ပါမလာသေးပါဘူး" ဟု ပြောကြားခဲ့သည်။
Cerdit: Auto World Journal