Full article

၂ဝ၁၅ ခုနှစ် မတ်လ ၃၁ ရက်မတိုင်ခင်ကာလအတွင်း ယာဉ်မှတ်ပုံတင်ခ အခွန်နှုန်းထားများလျှော့ပေါ့ ပေးထားရာ တင်သွင်းထားသင့်သည့်ကားအမျိုးအစားများတွင် Taxi ယာဉ်များမှာ မဖြစ်မနေဦးစားပေးအနေဖြင့် အပ်ထားသင့်ကြောင်း ကား Sale Center ပိုင်ရှင်တစ်ဦးက သုံးသပ်ထားသည်။

နှစ်ကုန်ဆုံးပြီး နောက်ပိုင်း အခွန်နှုန်းထားအပြည့်ကောက်ခံတော့မည်ဖြစ်၍ က.ည.န အခွန် ၅% ဖြင့် တင်သွင်းခွင့်ရထားသော Taxi ယာဉ်များမှာ ၂ဝ၁၅ ခုနှစ်အတွင်း တင်သွင်းပါက အခွန်အပြည့်ကောက်ခံမည် ဖြစ်ရာ ယခုဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် အဆများစွာကွာခြားသွားနိုင်ကြောင်း သုံးသပ်ပြသည်။

Taxi ယာဉ် အများဆုံးလုပ်ကြသည့် Toyota Corolla , Fielder ကားများတင်သွင်းထားသင့်ကာ ရန်ကုန်မြို့တွင်းမောင်းနှင်ရန် ဆီစားသက်သာသည့်ကားများဖြစ်ကြောင်းသိရသည်။ ၂ဝဝ၂ မော်ဒယ်အထိသာ လေးဖြင့်လာသည့် Caldina စက်ရုပ်ကားများမှာ ၂ဝဝ၃ ဆိုပါက ရှားပါးနိုင်သဖြင့် ယခုအခွန်နှုန်းထားများ လျှော့ ပေါ့ချိန်တွင် တင်သွင်းထားသင့်သည့် ကားအမျိုးအစားဖြစ်ကြောင်းလည်းသိရသည်။

ဟိုက်ဝေးမောင်းနှင်ရန် ဖိုးဝှီးကားများ၊ ရန်ကုန်မြို့တွင်းမောင်းနှင်ရန် Kluger (2000-2001), RAV-4 (2000-2001) နှင့် Crown (2002) မော်ဒယ်အမျိုးအစားများ အခွန်လျှော့ပေါ့ချိန်အတွင်း တင်သွင်းထားသင့် ကြောင်းသိရသည်။ အခွန် ၆ဝ% လျှော့ပေါ့မှုရရှိထားသည့် ၁က နှင့် ၂က အက္ခရာပိုင်ရှင်များမှာ အထူးအခွင့်အ ရေးအနေနှင့် အမြန်ဆုံးအပ်နှံသင့်ကာ ၂ဝ၁၅ အတွင်း ဒေါ်လာ ၁၅ဝဝ တန် အထက်ကားအမျိုးအစားပြန်လည် တင်သွင်းလျှင် အခွန်နှုန်းထားမှာ သိန်း ၂ဝ ကျော်ပိုမိုဆောင်ရဖွယ်ရှိကြောင်း ကားလုပ်ငန်းရှင်တစ်ဦးကတွက် ချက်ပြသည်။ နှစ်နှစ်ဆယ်သက်တမ်းပြည့်ပြီးသည့် ကားဟောင်းများမှာ အခွန်လျှော့ပေါ့မှုနည်းသဖြင့် ထူးခြား စွာအခွန်မကွာနိုင်ဘဲ အသုံးပြု၍ရနိုင်သေးပါက စောင့်ဆိုင်းနိုင်ကြောင်းပြောပြခဲ့သည်။

အဓိကပြဿနာအားဖြင့်လည်းကားပစ္စည်းတင်သွင်းသောလုပ်ငန်းရှင်များမှာ အစီးများသည့် ကားအမျိုး အစားပေါ်မူတည်ကာ တင်သွင်းကြသဖြင့် မော်ဒယ်နိမ့်ကားပစ္စည်းများမှာ ရှားပါးလာပြီး ၈၄၊ ၈၅၊ ၈၆ မော်ဒယ် များမှာ မစီးနင်းသင့်တော့ကြောင်း သုံးသပ်ပြသည်။

Credit: Auto World Journal

Author