Full article

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာနအနေဖြင့် နံပါတ်အလှ ရောင်းချရာတွင် ရောက်ရှိအက္ခရာ အတွင်း ကြိုတင်ဝယ်ယူထားသည့် မည်သည့်နံပါတ်ကိုမဆို ယာဉ်စစ် ဆေးခွင့် ပေးလိုက်ပြီဖြစ်ကြောင်း ] ထောက်ကြန့် ကညနရုံး}မှသိရသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာနမှ ကြိုတင်ရောင်း ချပြီးသော နံပါတ်အလှများကို ယာဉ် စစ်ဆေးမှုများ ပြုလုပ်ပေးရာတွင် ယခင်က ရောက်ရှိအက္ခရာ၏ နံပါတ် တစ်ရာအတွင်းသာ ယာဉ်စစ်ဆေးမှု များပြုလုပ်ပေးခဲ့သည်။ ယခုအခါ နံပါတ် အလှများ ကြိုတင်ဝယ်ယူသူများ အနေဖြင့် ရောက်ရှိအက္ခရာအတွင်း မည်သည့်နံပါတ်ကိုမဆို ကြိုတင် ဝယ်ယူပြီးဖြစ်ပါက ယာဉ်စစ်ဆေး မှုများ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သိရ သည်။

နံပါတ်အလှများ ကြိုတင်ရောင်း ချခြင်း၊ ယာဉ်စစ်ဆေးမှုများ ပြုလုပ် ပေးခြင်းကိစ္စနှင့် ပတ်သက်၍ ထောက်ကြန့် ကညနရုံးမှ တာဝန် ရှိသူတစ်ဦးက  "နံပါတ်အလှတွေကို ရောင်းချပြီး ယာဉ်စစ်ဆေးတဲ့အခါ အရင်က ရောက်ရှိအက္ခရာရဲ့ နံပါတ် တစ်ရာအတွင်းသာ ကြိုတင်ယာဉ် စစ်ဆေးခွင့် ပေးခဲ့ပါတယ်၊ ယခုအ ခါ နံပါတ်အလှ ကြိုတင်ဝယ်ယူထား တဲ့ ယာဉ်ပိုင်ရှင်တွေ အဆင်ပြေစေ ဖို့အတွက် ရောက်ရှိအက္ခရာအတွင်း မည်သည့်နံပါတ်အလှကိုမဆို ယာဉ် စစ်ဆေးမှုတွေ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်၊ အရင်က ရောက်ရှိ အ က္ခရာရဲ့ နံပါတ်တစ်ရာ အတွင်းမှာပဲ ယာဉ်စစ်ဆေးခွင့် ပေးထားတော့ နံ ပါတ်အလှ ကြိုဝယ်ထားတဲ့သူတွေ အခက်အခဲ အနည်းငယ်ဖြစ်တာပေါ့၊ အခုလို ဖြေလျှော့ပေးလိုက်တော့ နံပါတ်အလှ ကြိုပြီးဝယ်သူတွေအနေ နဲ့ အဆင်ပြေသွားတာပေါ့"ဟုပြောကြားခဲ့သည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာနမှ နံပါတ်အလှ ကြို တင်ရောင်းချမှု စာရင်းများအရ 2I အက္ခရာအပူး နံပါတ်အားလုံး ရောင်း ချပြီးဖြစ်သလို 2I နံပါတ်အလှ ကြို တင်ဝယ်ယူထားသူများ အနေဖြင့် နိုဝင်ဘာ ၁ ရက်မှ စတင်ကာ ယာဉ် စစ်ဆေးမှုများ ပြုလုပ်နိုင်ပြီဖြစ် ကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာနမှ ကနဦးမှတ်ပုံတင် များ ပြုလုပ်ပေးလျက်ရှိရာ 2I အက္ခရာနံပါတ်များမှာ နိုဝင်ဘာလ ပထမပတ်အတွင်း ကုန်ဆုံးမည်ဖြစ် သည့်အတွက် 3I အက္ခရာနံပါတ် များကို ဆက်လက်ထုတ်ပေးသွားမည်ဖြစ်သည်။

3I အက္ခရာနံပါတ်အလှ ကြို တင်ရောင်းချမှု စာရင်းအရ 3I/3333 ကို ကျပ် ၃၄ သိန်းဖြင့် လည်းကောင်း၊ 3I/6666 ကို ကျပ် ၂၆ သိန်းဖြင့် လည်းကောင်း၊ 3I/7777 ကို ကျပ် ၃၄ သိန်းဖြင့် လည်းကောင်း၊ 3I/8888 ကို ကျပ် ၃၄ သိန်းဖြင့် ရောင်းချထားပြီးဖြစ်ကြောင်း ထောက် ကြန့် ကညနရုံးမှ သိရသည်။

Credit: Auto Mobile Journal

Author