ကားမတင်သွင်းတော့ဘဲ ဘဏ်အကောင့်ပိတ်မည်ဆိုပါက လိုင်စင်လျှောက်ထားခြင်းမရှိကြောင်းထောက်ခံချက်နဲ့ နေပြည်တော်တွင်စီးကူးတွင် လုပ်ဆောင်ပေးမည်

0

Full article

ပြည်ပကနေ မော်တော်ကားတင်သွင်းရန်လျှောက်ထားမှူ ပယ်ဖျက်၍ ငွေစာရင်းပြန်လည်ထုတ်ယူမည်ဆိုရင် ကားတင်သွင်းဖို့လိုင်စင်လျှောက်ထားတာ မရှိပါကြောင်း ဝန်ခံချက်ရေးသွင်းပီး နေပြည်တော် စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၃)တွင် လာရောက်တင်ပြရန်လိုကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကားပါမစ်ထုတ်ပေးရေးဌာနက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ကားမသွင်းချင်တော့လို့ ဘဏ်အကောင့်ပိတ်မယ်ဆိုရင် ဒီကားကိုအမှန်တစ်ကယ် တင်သွင်းထားတာ မရှိပါဘူးဆိုတဲ့ ထောက်ခံချက်တင်ပြရမှာပါ။တစ်ချိူ့က ကားသွင်းထားပီး ဘဏ်အကောင့်လာပိတ်မှာဆိုးလို့ နေပြည်တော်ကို လွတ်တာပါ။ထောက်ခံချက်စာ တောင်းပီးတာနဲ့ ဆက်လက်လုပ်ဆောင်လို့ရပါပီလို့ အထက်ပါပုဂ္ဂိုလ်ကပြောပါတယ်။ မှတ်ပုံတင်အဌားဖြင့် ကားပါမစ်လျှောက်ရာတွင်ပါမစ်မရရှိသဖြင့် ဘဏ်အကောင့်ပိတ်သိမ်းရန် နိုင်ငံခြားငွေထုတ်ယူရန်ဆောင်ရွက်နေသူ များပြားလာရာ အမေရိကန်ဒေါ်လာဈေးနှူန်းမှာ ၁၄၂ဝ ပေါ်က်ဈေးရှိရာ ယနေ့ ၁၃၇ဝ မှ ၁၃၉ဝ အတွင်းဈေးပြန်လည်ကျဆင်းလာနေလျှက်ရှိတာ်လို့သိရပါတယ်။

Author