တရားဝင်အသိအမှတ်မပြုထားသော ခရီးသည်တင် ကြားကားများအဖြစ်ပြေးဆွဲနေခြင်းကို ထိရောက်စွာအရေးယူမည်

0

Full article

ရန်ကုန်မြို့အတွင်း တရားဝင်အသိအမှတ်မပြုထားတဲ့ ယာဉ်လိုင်းနံပတ်မပါရှိသော ခရီးသည်တင်ယာဉ်ကြားကားများအဖြစ် ပြေးဆွဲနေခြင်းကို ထိရောက်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဒုရဲမှူးကြီးကပြောကြားသည်။မကြာခင်တွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ အများပိုင်ယာဉ်လိုင်းများဖော်ဆောင်သွားမှာဖြစ်ရာ ကိုယ်ပိုင်လုပ်ငန်းသုံးကားများနှင့်ပြေးဆွဲနေခြင်းကို တရားမဝင်ဘဲ လုပ်ငန်းလုပ်ဆောင်နေတဲ့အတွက် မလိုလားအပ်တဲ့ပြသနာများ ဖြစ်ပေါ်လေ့ရှိသဖြင့် ၎င်းကားများကို ထိရောက်စွာဖမ်းစီးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကြားကားပြေးဆွဲတာကို အရင်ထဲကခွင့်မပြုထားပါဘူး။ညဘက်တွေမှာ ကိုယ်ပိုင်လုပ်ငန်းသုံးကားတွေနဲ့ ပြေးဆွဲနေတာတွေရှိတယ်။အဲ့ဒီကားတွေကို မြို့အဝင်နေရာတွေကနေ ထိထိရောက်ရောက်ဖမ်းဆီးစစ်ဆေးသွားမှာဖြစ်ပါတယ်လို့ အထက်ပါပုဂ္ဂိုလ်ကပြောပါတယ်။

ခရီးသည်တင်ယာဉ်လိုင်းတွင် တရားဝက်မှတ်ပုံတင်မထားတဲ့ ကြားကားများသည် သမိုင်းလမ်းဆုံအနီး၊လှည်းတမ်းမီးပွိုင့်အနီး၊ကြည့်မြင်တိုင်ကမ်းနားလမ်းအနီး၊ဒဂုံတောင်မြောက်လမ်းဆုံများသို့ ပြေးဆွဲနေတယ်လို့သိရပါတယ်။

Author