CarsDB Auto Show Mandalay 2020 သတင်းစာရှင်းလင်းပွဲအား Mandalay Convention Centre တွင် ကျင်းပပြုလုပ်ခဲ့

0

Full article

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ၁၁ ရက်နေ့က CarsDB Auto Show Mandalay 2020 အတွက် သတင်းစာရှင်းလင်းပွဲကို Mandalay Convention Centre မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ‌တော့ CarsDB မှ Operation Manager ဦးမျိုးသီဟက အဖွင့်အမှာစကားပြောကြားခဲ့ပြီး Sales Manager ဒေါ်မေဖူးဖူးက CarsDB Auto Show Mandalay 2020 ပွဲ အခမ်းအနားနဲ့ပတ်သက်ပြီး ရှင်းလင်းပြောခဲ့တာပါ။

CarsDB Auto Show Mandalay 2020 ပွဲမှာတော့ BAIC ၊ DFSK ၊ FORD ၊ GAC ၊ Jetour ၊ Changhe ၊ Hyundai ၊ Isuzu ၊ Jaguar ၊ Land Rover ၊ Mazda ၊ Mercedes-Benz ၊ Mitsubishi ၊ Morris Garages (MG) ၊ Nissan ၊ Suzuki ၊ Volvo စတဲ့ Brand New ကားသစ်တွေပါဝင်ပြသသွားမှာဖြစ်ပြီး တစ်ပတ်ရစ်ကားတွေအပြင် မော်တော်ယာဉ်နဲ့သက်ဆိုင်တဲ့ ဝန်ဆောင်မှုအမျိုးမျိုးကို တစ်နေရာထဲမှာရရှိနိုင်မယ်လို့သိရပါတယ်။ ထို့အပြင် အမျိုးအစားစုံလင်လှတဲ့ ကားသစ်တွေကိုလည်း စိတ်ကြိုက်စမ်းသပ်မောင်းနှင်ခွင့်များရရှိဦးမှာပါ။

CarsDB Auto Show Mandalay 2020 မော်တော်ယာဉ်အရောင်းပြပွဲကြီးကို AYA Bank နဲ့ Morris Garages (MG) တို့က Sponsor အဖြစ် ပူးပေါင်းပါဝင်ပံ့ပိုးထားပြီး The Official Contractor အဖြစ် CMC Advertising and Exhibition Company Limited ကပါဝင်ပေးထားပါတယ်။ ထို့အပြင် Media Partner များအဖြစ် Redline Media နဲ့ Mizzima TV တို့က ကူညီပံ့ပိုးပေးထားတာပါ။

CarsDB Auto Show Mandalay 2020 ပွဲကြီးကို လာမယ့် မတ်လ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ သုံးရက်တိုင်တိုင် Mandalay Convention Centre မှာ ခမ်းနားစွာကျင်းပသွားမှာဖြစ်ပြီး လာရောက်ကြည့်ရှုသူတွေအားလုံးအတွက် မော်တော်ဆိုင်ကယ် သုံးစီး ကံထူးနိုင်ခွင့်အပြင် ကားဝယ်သူတွေအတွက် အထူး ကံစမ်းမဲများကိုလည်း ထည့်သွင်း‌ပေးထားတယ်လို့သိရပါတယ်။

Author