မန္တလေးမြို့၌ အသစ်ဖွင့်လှစ်လိုက်တဲ့ GAC Showroom

0

Full article

LS Automotive Group Myanmar (GAC Motor Myanmar) ရဲ့ ဒုတိယမြောက် Showroom ဖြစ်တဲ့ GAC Motor Mandalay Showroom ဖွင့်လှစ်ခြင်းအခမ်းအနားကို GAC ကားသစ်များဖြစ်ကြတဲ့ All New GS 5 Model နဲ့ All New GM 6 Model တို့ရဲ့ Soft Launch ပွဲနဲ့အတူ ဇွန်လ ၂၈ ရက်နေ့မှာ တစ်ပါတည်းကျင်းပပြုလုပ်ခဲ့ပါတယ်။
၎င်း Showroom နဲ့ Service Center ဖွင့်လှစ်ပွဲကို မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့တကွ ဌာနဆိုင်ရာ လူကြီးမင်းများတက်ရောက်ချီးမြှင့်ပေးခဲ့ကြပြီး Showroom အသစ်ရဲ့တည်နေရာကတော့ အမှတ် (စ-၁/၃+၄) ၇၂လမ်း x ၇၃ လမ်းကြား ငုရွှေဝါလမ်းမကြီး (Mingalar Mandalay အနီး) ချမ်းမြသာစည်မြို့နယ်မှာ တည်ရှိတာပါ။

Soft Launch အနေနဲ့ မိတ်ဆက်ပြသခဲ့တဲ့ ကားအသစ် ၂ မျိုးကတော့ All New GS 5 နဲ့ All New GM 6 တို့ဖြစ်ပါတယ်။ GAC All New GS 5 ကတော့ Sporty SUV ဖြစ်ပြီး အထူးသစ်လွင်လှပတဲ့ ဒီဇိုင်းဖန်တီးမှု အသစ်နဲ့ထုတ်လုပ်ထားတဲ့ ခရီးသည် ၅ ယောက်စီး SUV ပုံစံပါ။ All New Model ဖြစ်တာနဲ့အညီ စွမ်းဆောင်ရည်မြင့်မားတဲ့ 1 . 5 T Engine ၊ 150 hp အင်ဂျင်စနစ်၊ လုံခြုံမှုအဆင့်မြင့်မားတဲ့ High – Strength Steel ကိုယ်ထည်ဖန်တီးမှုနဲ့အတူအဆင့်မြင့်နည်းပညာများစွာလည်း ကြွယ်ဝစွာပါရှိတဲ့ Model ဖြစ်တဲ့အပြင် Sporty မောင်းနှင်ခြင်းကိုနှစ်သက်တဲ့ GAC ချစ်သူတွေအကြိုက် ထပ်တူကျမယ့်ကားဖြစ်မယ်လို့လည်း ဆိုထားပါသေးတယ်။ All New GS 5 ဟာ ကမ္ဘာကျော် C – NCAP ရဲ့ 5 Star Safety Award ဆွတ်ခူးရရှိထားတဲ့ Model လည်းဖြစ်ပါတယ်။
GAC All New GM 6 ကတော့ မိသားစုသုံးအတွက် အကောင်းဆုံးအရည်အသွေးနဲ့ ခံစားမှုပေးစွမ်းနိုင်တဲ့ MPV Model ဖြစ်ပြီး မြို့တွင်း၊ နယ်ဝေးအသုံးပြုမှုများအတွက် လိုက်ပါစီးနင်းမယ့် မိသားစုဝင်အားလုံး ဘေးကင်းလုံခြုံ စိတ်ချမှုနဲ့ စိတ်လက်အပန်းဖြေခြင်းများကိုခေါ်ဆောင်စေမယ့် ကားတစ်စင်းလို့ GAC ကဆိုထားပါတယ်။ All New GM 6 မှာတော့ ကျယ်ဝန်းသပ်ရပ်တဲ့ ခရီးသည် ၇ ယောက်စီးပုံစံ၊ စွမ်းဆောင်ရည်မြင့် 1.5 T Engine ၊ 169 hp အင်ဂျင်စနစ်နဲ့အတူ ထူးခြားတဲ့ပါဝင်မှုများစွာကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ All New GM 6 ကတော့ ကမ္ဘာကျော် C – NCAP ရဲ့ 5 Star Safety Award ဆွတ်ခူးရရှိပြီးသား Model လည်းဖြစ်ပါတယ်။

Author