YBS ခရီးသည်တင်ယာဉ်လိုင်း ၁ဝ လိုင်းခန့် ထပ်တိုးပြေးဆွဲပေးမည်

0

Full article

ရန်ကုန်မြို့ စည်ပင်သာယာနယ်နမိတ် ပြင်ပ သွားလာရခက်ခဲနေသေးသော နေရာများအတွက် YBS ခရီးသည်တင်ယာဉ်လိုင်း ၁ဝ လိုင်းခန့် ထပ်တိုးပြေးဆွဲပေးမည် ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့ကသိရပါသည်။

ခရီးသည်တင်ယာဉ်လိုင်း ကုမ္ပဏီ များမှ YBS ယာဉ်လိုင်းများတွင် ယာဉ်လိုင်းပြေးဆွဲရန် တင်ပြထားသော ကုမ္ပဏီ များမှာ လူထုမိတ်ဆွေ ကုမ္ပဏီ ၊ Omini Focus ကုမ္ပဏီ ၊ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ မှ ယာဉ်လိုင်းများရှိပြီး မကြာခင် ပြေးဆွဲခွင့်ပြုပေးသွားရန် ရှိနေတယ်လို့ သိရပါသည်။

" ယာဉ်လိုင်းတွေ ထပ်ပီး ခွင့်ပြုဖို့ရှိပါသေးတယ်။ ဒါကလည်း တစ်ချိူ့နေရာတွေဆို သွားလာရအဆင်မပြေတာတွေဖြစ်နေလို့ ပြောနေတာတွေရှိတယ်။ ယာဉ်လိုင်း ၁ဝ လိုင်းလောက် ထပ်တိုးခွင့်ပြုပေးဖို့ လည်းရှိနေပါတယ်။လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ခရီးသည်တင်ယာဉ်လိုင်း အဖြစ် ပြေးဆွဲရန်အတွက် လူထုမိတ်ဆွေ ကုမ္ပဏီ က ယာဉ်လိုင်း ၉ လိုင်းကို တင်ပြထားရာ ၂ လိုင်း ခွင့်ပြုပေးခဲပီး OminiFocus ကုမ္ပဏီ မှလည်း ရန်ကုန်လေဆိပ်ကနေ ဘူတာကြီး အထိ ပြေးဆွဲပေးမယ့် ယာဉ်လိုင်းများရှိရာ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ တို့က လည်း ယာဉ်းလိုင်းများ ထပ်တိုးပြေးဆွဲပေးမှာ ဖြစ်တယ်လို့ သိရပါသည်။

ရန်ကုန်တွင် ခရီးသည်တင် YBS ယာဉ်လိုင်း ၉ဝ ကျော်အထိရှိနေပီး ကားအစီးရေ ၅ထောင် ကျော်နေ့စဉ် ပြေးဆွဲပေးနေရာ ယာဉ်လိုင်းများထပ်တိုးလာပါက ယာဉ်လိုင်းပေါ်င်း ၁ဝဝ ကျော်အထိရှိလာမှာ ဖြစ်ကြောင်း သိရပါသည်။

Business

Author