စီးပွားရေးလုပ်ငန်းရှင်ကြီးများဖွဲ့စည်းထားသော လူထုမိတ်ဆွေကုမ္ပဏီမှ YBS အစီး ၅ဝဝ ပြေးဆွဲမည်

0

Full article

ခရီးသည်တင်ယာဉ်လိုင်း YBS တွင် စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် ဖွဲ့စည်းထားသော လူထုမိတ်ဆွေ ကုမ္ပဏီ မှ YBS အစီး ၅ဝဝ ခန့်ဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်းကို ထိုကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

လူထုမိတ်ဆွေ ကုမ္ပဏီ က YBS ယာဉ်လိုင်းတွင် ပြေးဆွဲရန် တိုင်းဒေသကြီး အစိုးရအဖွဲထံ တင်ပြထားပြီး ဖြစ်ရာ ပြည်သူအများသွားလာရေး အဆင်မပြေသည့် ယာဉ်လမ်းကြောင်းများတွင် အဓိက ပြေးဆွဲသွားရန်ရှိကြောင်း သိရသည်။

"လူထုမိတ်ဆွေ နာမည်နဲ့ ကားအစီး ၅ဝဝ ထည့်သွင်းပြေးဆွဲသွားဖို့ကို တိုင်းဒေသကြီး ကို တင်ပြထားတာတော့ရှိ ပါတယ်။ ကားမျိူးအစားတွေကတော့ FOTON ကားအမျိူးအစားတွေပါ။ ဘယ်အချိန်စပြီး ပြေးဆွဲမယ်ဆိုတာတော့ ခွင့်ပြုချက်ကျရင် အသိပေးသွားမှာပါ" ဟု ထိုယာဉ်လိုင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ခရီးသည်တင်ယာဉ်လိုင်းတွင် ပြေးဆွဲနေသော YBS ကားအစီး ၃ဝဝဝ နီးပါးရှိရာ မကြာခင်က ကားဟောင်းများအဖြစ် အပ်နှံခွင့်ပေးလိုက်သော ယာဉ်လိုင်းများ နေရာတွင် အစားထိုးပြေးဆွဲသွားမှာ ဖြစ်သည်ဟု သိရသည်။

B-01

Author