ဂျပန်နိုင်ငံက ဝယ်ယူထားသော ရထားတွဲ ၂၄ စီးကို ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်းတွင် စတင်ပြေးဆွဲသွားမည်

0

Full article

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် ပြေးဆွဲရန်အတွက် ဂျပန်နိုင်ငံမှ DEMU အမျိုးအစား ရထားတွဲသစ် ၂၄ စီးကို ဝယ်ယူထားပြီး ပထမအဆင့်အနေဖြင့် ရန်ကုန်-တောင်ငူ လမ်းပိုင်းတွင် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရ ထားလုပ်ငန်းမှ သိရသည်။

ဂျပန်ယန်း ၇ ဒသမ ၂၄၄ ဘီလီယံတန်ဖိုးရှိ ဂျပန်နိုင်ငံမှ DEMU အမျိုးအစားရထားတွဲဆိုင်းသစ် ၂၄ စီးကို ဝယ်ယူရေး အတွက် ဂျပန်နိုင်ငံမှကုမ္ပဏီနှင့် ယခုလ ၉ ရက်က စာချုပ်ချုပ်ဆိုထားပြီးဖြစ်ကာ အဆိုပါရထားတွဲများကို လာမည့် ၂ဝ၂ဝ ခုနှစ်တွင် ရန်ကုန်-တောင်ငူရထားလမ်းပိုင်းတွင် စတင်အသုံးပြုပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

"ဒီဝယ်ယူမဲ့ရထားတွေက DEMU အမျိုးအစားပေါ့။ ၂ဝ၂ဝ မှာ ဒီရထားတွဲသစ်တွေကို ရန်ကုန်-တောင်ငူလမ်းပိုင်းမှာ အရင်သုံးပြီးပြေးဆွဲသွားမှာပါ" ဟု မြန်မာ့မီးရထားလုပ်ငန်းမှ မန်နေဂျာ ဦးသန်းထွန်းအောင်ကပြောကြားသည်။

ဂျပန်ယန်း ၇ ဒသမ ၂၄၄ ဘီလီယံတန်ဖိုးရှိ ဂျပန်နိုင်ငံမှ DEMU အမျိုးအစားရထားတွဲဆိုင်းသစ် ၂၄ စီးကို ဝယ်ယူရေး အတွက် ဂျပန်နိုင်ငံမှကုမ္ပဏီနှင့် ယခုလ ၉ ရက်က စာချုပ်ချုပ်ဆိုဝယ်ယူထားပြီး ရထားတွဲများကို ပြေးဆွဲပေးရန် ရထားလမ်းပိုင်း အဆင့်မြင့်တင်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်းသိရသည်။

ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်းမှာ ခုနစ်နာရီကျော် မောင်းနှင် နေရပြီး ရထား လမ်းအဆင့်မြှင့်တင်ပြီးပါက သုံးနာရီ ခွဲခန့်သာ ကြာမြင့်မည်ဖြစ်သည်ဟု သိရသည်။
P-01

Author