၂ဝ၁၈ တွင် ကိုးရီးယားနိုင်ငံထုတ် ရထားတွဲဆိုင်း ၁ဝဝ ဝယ်ယူသွားမည်

0

Full article

မြန်မာ့မီးရထား အဆင့်မြင့်တင် ပြေးဆွဲနိုင်ရန်နှင့် အမြန်ရထားလမ်းပိုင်းများတွင် အသုံးပြုရန်အတွက် ၂ဝ၁၈ ခုနှစ်တွင် ကိုရီးယားနိုင်ငံထုတ် ရထားတွဲဆိုင်း ၁ဝဝ ကို ဝယ်ယူသွားမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ မီးရထား စီမံကိန်း ဌာနထံကနေ သိရပါသည်။

ထိုကဲ့သို့ ၂ဝ၁၈ ခုနှစ်တွင် ရထားတွဲဆိုင်းများဝယ်ယူရန်အတွက် ကိုရီယားနိုင်ငံမှ ဒေါ်လာ သန်း ၁ဝဝချေးငွေယူ၍ နှစ်နိုင်ငံသဘောတူအတည်ပြုချက်လည်းရရှိထားပြီဖြစ်ကြောင်းသိရပါသည်။

" ၂ဝ၁၈ မှာ ကိုးရီးယား ရထားတွဲဆိုင်း ၁ဝဝ ဝယ်ဖို့ နှစ်နိုင်ငံ သဘောတူထားတာတွေရှိတယ်။ အမြန်ရထားလမ်းပိုင်းတွေမှာ ပြေးဆွဲဖို့ လျှာထားတယ်။ လမ်းပိုင်းတွေကိုလည်း အဆင့်မြင့်တင်တာတွေ လုပ်သွားမယ် " ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား ရန်ကုန်ဘူတာကြီး က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာ့မီးရထားမှ ၂ဝ၁၈ တွင် ရထားများ၊ လမ်းများနှင့် နည်းပညာများ အဆင့်မြင့်တင်မှုတွေ လုပ်ဆောင်သွားမည်ဖြစ်ရာ ယခုဝယ်ယူမည့် ကိုရီးယားနိုင်ငံထုတ် ရထားအသစ်တွဲဆိုင်း ၁ဝဝကို ရန်ကုန်-မန္တလေး၊ မန္တလေး-မြစ်ကြီးနား၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည် ရထားလမ်းပိုင်းများတွင် ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။

P-01

Author