နယ်လိုင်စင်ကားများ အခွန်ကောက်မည့် မြို့အဝင်တိုးဂိတ် ၁၁ ခု ဆောက်လုပ်ရန် ဧပြီ ၉ ရက်တွင် တင်ဒါလျှောက်လွာရောင်းပေးမည်

0

Full article

ရန်ကုန်တိုင်းအတွင်းသို့ တစ်ခြားပြည်နယ်နှင့် တိုင်းဒေသကြီးများက ဝင်ရောက်လာသော ကားများကို မြို့ဝင်ကြေးကောက်ခံမည့် အဆင့်မြင့်တိုးဂိတ် ၁၁ ခုကို ဆောက်လုပ်ရန် ဧပြီလ ၉ ရက်တွင် တင်ဒါလျှောက်လွှာရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရ စည်ပင်သာယာရေးဝန်ကြီးဌာန၏ တင်ဒါကော်မတီသည် ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးကွပ်ကဲမှုအောက်ရှိ သန်လျှင်၊ တိုက်ကြီး ၊ မှော်ဘီ၊ လှည်းကူး၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူးနှင့် ထန်းတစ်ပင် မြို့နယ် ၁၁ မြို့နယ်တွင် မြို့ဝင်ကြေးတိုးဂိတ် တည်ဆောက်ခြင်းနှင့် ကောက်ခံခြင်းလုပ်ငန်းများကို B.OT စနစ်ဖြင့် အကောင်အထည်ဖော်ဆောက်လုပ်ရန် မြန်မာနိုင်ငံသားများ၏ အများပိုင်ကုမ္ပဏီများအား အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန်ခေါ်ယူထားကြောင်း သိရပါသည်။ "စည်ပင်ပြင်ပမြို့နယ် ၁၁မြို့နယ်မှာ မြို့အဝင်တိုးဂိတ်ကို ဆောက်လုပ်ဖို့ လွှတ်တော်က အတည်ပြုပြီးသွားပါ ပြီ။တင်ဒါအောင်ပြီးတည်ဆောက်ခွင့်ရမယ့် ကုမ္ပဏီက တိုးဂိတ်တွေကို ဆောက်လုပ်သွားမယ်လို့ သိရပါတယ်။ "ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။ မြို့ဝင်တိုးဂိ်တ်များ ဆောက်လုပ်မှုကို ယခုနှစ် ၂ဝ၁၇-၂ဝ၁၈ ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့ဝင်ဂိတ်တစ်ဂိတ်ကို ကျပ် သိန်း ၅ဝဝ ကျော်မှ ကျပ်သိန်း ၉ဝဝ ကျော်လောက် ကုန် ကျမည်ဟု ခန့်မှန်းတွက်ချက်ထားပြီး ခန့်မှန်းခြေ ကျပ်သိန်း ၇ဝဝဝ ခန့်ကုန်ကျနိုင်မည်ဖြစ်ကြောင်း သိရသည်။ Tender

Author