Full article

ခေတ်မီ မီးငြှိမ်းသတ်နည်းစနစ်များ ပါဝင်သည့် တရုတ်နိုင်ငံထုတ် မီးသတ်ယာဉ်များကို ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ခွဲဝေမှုများ ပြုလုပ်နေကြောင်း 'ပြည်ထဲရေးဝန် ကြီးဌာန၊ မီးသတ်ဦးစီးဌာန'မှ သတင်းရရှိသည်။

412148-pn-fire-truck

အဆိုပါ ခေတ်မီ မီးငြှိမ်းသတ်စနစ်များ ပါဝင်သည့် တရုတ်နိုင်ငံထုတ် မီးသတ်ယာဉ်များကို တိုင်းဒေသအစိုးရအဖွဲ့နှင့် ပူးပေါင်းကာ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ခွဲ ဝေမှုများ ပြုလုပ်နေပြီး ခွဲဝေသည့် မီးသတ်ကားများမှာ အစီးရေ ၂၂၂ စီးရှိကြောင်း သိရသည်။ "အခုခွဲဝေပေးတဲ့ ကားအမျိုးအစားက ဒေါင်ဖန်း မီးငြှိမ်းသတ်ယာဉ် ဖြစ်ပါ တယ်၊ အဲဒီကားတွေက အင်ဂျင်ပါဝါကောင်းပြီး ရေဂါလန် ရှစ်ရာဆံ့တဲ့ တိုင်ကီပါတယ်၊ Pressure Pump ကောင်းတဲ့အတွက် ဆီမီးလောင်တဲ့အခါ ငြှိမ်းသတ်နိုင်တဲ့ Foam လို့ခေါ်တဲ့ အမြှုပ်မီး သတ်ဆေးရည်လည်းပါလို့ မီးလောင်တဲ့အခါမှာ လျင်လျင်မြန်မြန်နဲ့ ထိထိရောက်ရောက် ငြှိမ်းသတ်နိုင်မယ်လို့ ထင်ပါတယ်" ဟု မီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်း ဒေါင်ဖန်း မီးငြှိမ်းသတ် ယာဉ် ၂၂၂ စီးကို တိုင်းဒေသကြီး ပြည်နယ်များတွင် ရှိသော မီးသတ်စခန်းများကို ဖွဲ့စည်းပုံသတ်မှတ် ချက်တွေနှင့် ဦးစားပေးဖြန့်ဝေလျက်ရှိကာ ရန်ကုန် ၂၅ စီး၊ မန္တလေး ၂၅ စီး၊ မကွေး အစီးနှစ်ဆယ်၊ စစ်ကိုင်း ၂၅ စီး၊ ပဲခူး အစီး နှစ်ဆယ်၊ ရခိုင် ရှစ်စီး၊ ချင်းသုံးစီးနှင့် နေပြည် တော် အပါအဝင် မြို့အလိုက်ယာဉ်များ ခွဲဝေပေးလျက်ရှိပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆက်လက်ခွဲဝေပေးလျက်ရှိကြောင်း သိရသည်။

Ref: Automobile

Author