Full article

ပြည်ပမှ မိုဒယ်မြင့်ကားများကို တင်သွင်းလာသော်လည်း အာမခံထားရှိမှု နည်းပါးနေသေးကြောင်း 'မြန်မာ့အာမခံလုပ်ငန်း'မှ သိရှိရသည်။ Lanbow

မြန်မာ့အာမခံလုပ်ငန်းမှ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်မှစ၍ ပုဂ္ဂလိက ကုမ္ပဏီ ၁၁ ခုကို လုပ်ပိုင်ခွင့်များ ချပေးခဲ့သည်။ အာမခံကုမ္ပဏီများ များပြားလာသော်လည်း မော်တော်ယာဉ် အာမခံ ထားရှိမှုမှာ အခြားအာမခံထားရှိမှုထက် နည်းနေသေးကြောင်း သိရသည်။ မော်တော်ယာဉ်တစ်စီး အာမခံထားရှိမည်ဆိုပါက ဝှီးတက်၊ ယာဉ်မောင်းလိုင်စင်၊ အုံနာ ဘုတ်များ လိုအပ်ပြီး တစ်နှစ်စာအတွက် နံပါတ်အနီ သိန်းတစ်ရာတန် ကားတစ်စီးလျှင် ၁၇၅,ဝဝဝ ကျပ် နှင့် နံပါတ်အနက် သိန်းတစ်ရာတန် ကားတစ်စီးလျှင် တစ်သိန်းဝန်း ကျင်ကျသင့်မည်ဖြစ်သည်။ထိုသို့ မော်တော်ယာဉ်များကို အာမခံထားရှိခြင်းဖြင့် ခိုးယူခြင်းခံရသည်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သည်ဖြစ်စေ၊ မတော်တ ဆမှုတစ်စုံတစ်ရာကြောင့် ပျက်စီးခဲ့သည်ဖြစ်စေ ဆုံးရှုံးခဲ့သည့်တန်ဖိုးအတိုင်း အာမခံကုမ္ပဏီများမှ ပြန်လည်ပေးလျော် မည်ဖြစ်ကြောင်း သိရသည်။ "သိန်းတစ်ရာတန်ကား တစ်စီးကို အာမခံထားရှိမယ်ဆိုရင် တစ်နှစ်စာအတွက် ကာလပေါက် ဈေးရဲ့ ဒသမ ၉၂ ရာခိုင်နှုန်း ယူပါတယ်၊ နံပါတ်အနီဆိုရင်တော့ ဒသမ ၁ဝ ရာခိုင်နှုန်းနဲ့ တွက်ယူပါ တယ်၊ တစ်နှစ်ပြည့်သွားလို့ အာမခံဆက်ထားမယ်ဆိုရင် ဒုတိယနှစ်မှာ ၂၅ ရာခိုင်နှုန်း၊ တတိယနှစ်မှာ ၃ဝ ရာခိုင်နှုန်း၊ စတုတ္ထနှစ်မှာ ၄ဝ ရာခိုင်နှုန်း၊ ပဥ္စမနှစ်မှာ ၆ဝရာခိုင် နှုန်းလျှော့ပေးပါတယ်၊ သွင်းတဲ့ပရီမီယံကြေး အပေါ်မှာ မူတည်ပြီး ပျက်စီးသွားတဲ့ ပမာဏအတိုင်း လျော်ပေးမှာ ဖြစ်ပါတယ်၊ ပရီမီယံကြေးများရင် ကားတစ်စီလုံး ကြေမွ ပျက်စီးသွားခဲ့ရင်တောင်မှ ကား အလုံးလိုက် ပြန်ချိန်းပေးတဲ့အထိ ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်၊ အပျက်အစီး နည်းခဲ့ရင်လည်း စိတ်ကြိုက် ဝပ်ရှော့မှာပဲပြင်ပြင်၊ ကုမ္ပဏီနဲ့ ချိတ်ဆက်ထားတဲ့ ဝပ်ရှော့မှာပဲပြင်ပြင် အာမခံထားရှိတဲ့ ယာဉ်ပိုင်ရှင် ကျေနပ်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်"ဟု မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားခဲ့ သည်။

Ref : Automobile

Author