Full article

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်(ရုံးချုပ်)ရှိ ကနဦးဗဟိုမော်တော်ယာဉ် မှတ်ပုံတင်ဌာနတွင် လေးလုံးအပူးဂဏန်းနံပါတ်ဖြစ်သော 9H-9999 နံပါတ်အား ကျပ်သိန်းတစ်ရာဖြင့် ယာဉ်ပိုင်ရှင်တစ်ဦးက ဝယ်ယူသွားကြောင်းသိရသည်။

ကညန တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး အစားထိုးယာဉ်များ တင်သွင်းရေးစီမံချက်အရ ၂ဝ၁၁ခုနှစ်စက်တင်ဘာ ၁၉ ရက်မှ ၂ဝ၁၄ခုနှစ် ဇွန်၂၅ရက်အထိ အပ်နှံပြီးသည့် ယာဉ်အို ယာဉ်ဟောင်းစီးရေ စ မှ ၁-က အထိ ၇၂၁၃၉ စီးကျော်ရှိကြောင်းသိရပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်အိုယာဉ်ဟောင်း(၁-က) အစီးရေ ၆ဝဝဝ ဝန်းကျင်ရှိသည့်အနက် အစီးရေ ၄ဝဝဝ သန်းကျင် အပ်နှံပြီးကြောင်း တာဝန်ရှိသူထံမှ သိရသည်။

(မောင်အေး၊ ကြေးမုံ ဇူလိုင် ၁၉၊ ၂ဝ၁၄ မှ ကူးယူဖော်ပြသည်။)

Author