အဆိုပါ အသစ်မိတ်ဆက်မယ့် A3 ကတော့ ပုံမှန်အမေရိကန်ကြိုက် ကားတွေနဲ့ ကွဲပြားလိမ့်မယ်လို့ ဝေဖန်သူတွေက သုံးသပ်ကြပါတယ်။ ကိုယ်ထည်ကို ယခင် Audi A3 ရဲ့ပုံစံအတိုင်းပဲ တည်ဆောက်ထားပြီး အင်ဂျင်ကို ဒီဇယ် အင်ဂျင် သို့မဟုတ် Turbocharged Gasoline အနေနှင့်နှစ်မျိုးနှစ်စားထုတ်လုပ်သွားမှာဖြစ်ပါတယ်။ A3 Sportback version မှာ လက်ရှိ A3 နှစ်ပိုမိုဆင်တူမည်ဖြစ်ပြီး Hybrid စနစ်မျိုးလည်းပါဝင်မှာဖြစ်ပါတယ်။ ၂ဝ၁၅ Audi A3 ရဲ့ Sedan Version မှာ အဆင့်မြင့် 2 Litre Engine ပါဝင်မှာဖြစ်တယ်
Audi A3 ရဲ့ MMI Controller ကို တစ်ဖန်ပိုမိုဆန်းသစ်ပြီး ခလုတ်လေးခုရဲ့ပါဝင်တဲ့ MMI Controller ရဲ့ အလည်က dial ပေါ်မှာ Touch pad ပါထည့်သွင်းပေးထားပါတယ်။ A3 ၏ infotainment system ထဲကို စာလုံးများရိုက်ထည့်ရန်လိုလာခဲ့သော် အဲ့ဒီ့ Touchpad ပေါ်၌ စာလုံးများ ဂဏန်းများကို လက်ညှိုးနှင့်ရေးသားနိုင်မှာဖြစ်ပါတယ်။ ကားရဲ့ Dashboard ထဲမှ motor နှင့်ထွက်လာမယ့် LCD Screen ရဲ့အထူကတော့ ဝ.၅ လက်မ အထိ ပဲရှိတာမို့ တော်တော် ပါးတယ်လို့ပြောလို့ရတယ်။
ယခု A3 ဟာဆိုရင် 4G LTE ဆက်သွယ်မှုစနစ်ကို အသုံးပြုထားမှာဖြစ်ပါတယ်။ အဆိုပါ 4G connection မှတစ်ဆင့် Google Earth ကိုသုံးကာ Satellite Imagery ကို ကား၏ Navigation System အတွက်ရယူအသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရတယ်။ လက်ရှိ A6, A7 နဲ့ A8 အမျိုး အစား တွေမှာ 3G အမျိုးအစားကို သာအသုံးပြုကြောင်းသိရတယ်။
Feature သစ်တစ်ခု အနေနဲ့ အသစ်ထွက်မယ် A3 မှပါဝင်တာကတော့ Application တွေကို တစ်စုတစ်စည်းထည်း ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်တယ်။ (ယခင် Audi ကားအများစုမှာ မပါဝင်သော အားနည်း ချက်လည်းဖြစ်ပါတယ်။ ) လက်ကိုင်ဖုန်းကို ကား၏ WIFI ဖြင့်ချိတ်ဆက်ပြီး အချို့သော App များကို အသံဖြင့်ထိန်းချုပ်ကာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Audi ရဲ့ ကြေငြာမှု အရ အထက်ပါ ဆောဝ့ ဲအ သုံးချမှုတွေကို အခြားသော ကားတွေမှာလည်း update ပြုလုပ်သွား မယ်လို့သိရတယ်။
Audio ကောင်းကောင်းမှ ကြိုက်သူများအတွက် ကားမှာ ထည့်သွင်းမယ့် အဆင့်မြင့် အသံအတွက်ကို Bang & Olufsen အသံစနစ်ကို အသုံးပြုထားတယ်။
LED headlights, Driver Assitance Features များဖြစ်တဲ့ blind spot monitor နှင့် Adpative Cruise Control တို့လည်းပါဝင်မှာဖြစ်ပါတယ်။
A3 မော်ဒယ်ဟာ နောက် တစ်နှစ်လောက်မှ ပေါ်ထွက်လာမှာ ဖြစ်ပေမယ့် စောင့်ဆိုင်းရကျိူးနပ်မှာပါ။ Audi ရဲ့ကားကြီးများမှာပါဝင်တဲ့ နည်းပညာမြင့်တွေကို A3 လို compact မော်ဒယ်တွေအတွက် ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ အဲဒါတွေကြောင့်လည်း A3 မော်ဒယ်ကို ဈေးသက် သက်သာသာနဲ့တော့ ရမယ်လို့ မျှော်လင့်လို့မရပါဘူး။ အသစ်ထွက်ရှိမယ့် Audi A3 ရဲ့ အနိမ့်ဆုံးမော်ဒယ်ကို $ 50,000 လောက်ရှိမယ်လို့ ခန့်မှန်း ကြပါတယ်။
Phyo Zaw Tun
MyanmarCarsDB