New Ford EcoSport မိတ်ဆက်ပွဲအခမ်းအနားကို Lotte Hotel တွင်ကျင်းပပြုလုပ်

0

Full article

၂၁ စက်တင်ဘာလ ၂၀၁၉ - Capital Automotive ကနေပြီး Ford EcoSport အသစ်မိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်မြို့ Lotte Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာတော့ Capital Automotive ရဲ့ Managing Director Mr. Burak က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကိုဖွင့်လှစ်ခဲ့တာပါ။

New Ford EcoSport ဟာ လေခွင်းအားပိုမိုကောင်းမွန်တဲ့ Aerodynamic စနစ်နဲ့ဖြစ်ကာ 1.0 Liter EcoBoost ဓါတ်ဆီအင်ဂျင်အမျိုးအစားနဲ့ဖြစ်တာမို့လို့ ဆီစားနှုန်းအထူးသက်သာပြီး အမြင့်ဆုံးပါဝါအနေနဲ့ 125 hp အထိ ထုတ်လွှတ်ပေးနိုင်တယ်လို့ Ford Myanmar က ဆိုပါတယ်။  6-Speed Automatic Transmission နဲ့ဖြစ်တာကြောင့် ဂီယာအကူးအပြောင်းညက်ညောတယ်လို့သိရပါတယ်။  Infotainment Screen ကတော့ ၈ လက်မ အရွယ်အစားရှိပြီး ဖုန်းနဲ့ချိတ်ဆက်အသုံးပြုနိုင်တဲ့ Apple CarPlay နဲ့ Android Auto ‌ပါ ပါဝင်လာပါတယ်။ Safety ပိုင်းအနေနဲ့တော့ Airbags 6 လုံးအထိတပ်ဆင်ပေးထားတာပါ။ အနောက်ပစ္စည်းထားခန်း အကျယ်အဝန်းကတော့ပုံမှန်အတိုင်းဆိုရင် 352-Liter ရှိပြီး ခုံ‌‌တွေခေါက်လိုက်မယ်ဆိုရင် 1,200-Liter လောက်အထိဝင်ဆံ့မှာပါ။

အခုမိတ်ဆက်ပြသရောင်းချလိုက်တဲ့ Ford EcoSport ဟာ အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်တပ်ဆင်ထားတာဖြစ်ပါတယ်။ အရောင်အနေနဲ့ကတော့ ၇ ရောင်အထိရရှိမှာပါ။ EcoSport ရဲ့ စျေးနှုန်းကတော့ $28,500 + ဝင်ငွေခွန် ကျသင့်မှာဖြစ်ပြီး အိန္ဒိယနိုင်ငံထုတ်ဖြစ်တာမို့လို့ ရန်ကုန်လိုင်စင်တော့ တစ်ပါတည်း ရရှိမှာမဟုတ်ပါဘူးလို့ သိရပါတယ်။

Author