ထိုဇာတ်ကား၏ ကားအချင်းချင်းပြိုင်မောင်း၍ တိုက်ခိုက်သော အခန်းများတွင် ကားအစီးရေပေါင်းများစွာအား ဝင်တိုက်ခြင်း၊ ရပ်ထားသော ကားများပေါ်သို့ ကားဖြင့်ဖြတ်မောင်းသွားခြင်းတို့ ပါဝင်သည်။ တန်ဖိုးကြီး ပြိုင်ကားအမျိုးအစားဖြစ်သော Lamborghini ကားအစစ်ပေါ်သို့ ကားဖြင့်ဖြတ်မောင်းသည့် ဇာတ်ဝင်ခန်းမျိုးလည်းပါဝင်ပြီး ဒါရိုက်တာ John Moore က ထိုအခန်းများမှာ သူ့အတွက် စိတ်ထိခိုက်ဖွယ်ရာကောင်းသည်ဟု ပြောပြသည်။ ဇာတ်လမ်းရိုက်ကူးပြီးသွား၍ ထိုဇာတ်ကားတွင် ဖျက်စီးခဲ့သော ကားများ၏ တန်ဖိုးကို တွက်ချက်ကြည့်သောအခါ ဒေါ်လာ ၁၁သန်းခန့် ရှိသည်ဟု လည်းကောင်းကပြောကြားသည်။
သို့သော်လည်း ထို ဒေါ်လာ ၁၁သန်းတွင် Mercedes-Benz G-Class SUV ကားများ၏ တန်ဖိုးမပါဝင်သေးကြောင်းသိရသည်။ မာစီးဒီးကားကုမ္ဗဏီမှ ထိုကားများကို ဇာတ်ကားရိုက်ကူးရာတွင် အသုံးပြုရန် အလကားပေးခဲ့ခြင်းဖြစ်ပြီး ထို SUV ကားအားလုံးမှာလည်း ဇာတ်ဝင်ခန်းအရ ပျက်စီးခဲ့ရသည်။ ထိုဇာတ်ကားတွင် အသုံးပြုခဲ့သည့် မာစီးဒီး ကားများအကြောင်း video ကိုအောက်တွင် ကြည့်ရှုနိုင်ပါသည်။