Toyota မှ မြန်မာနိုင်ငံတငွ် နောက်ဆုံးပေါ် Corolla နှင့် Camry မိတ်ဆက်ပွဲကို April (၂၉)(၃ဝ) ရက်နေ့များတွင် နံနက် (၉) နာရီ မှညနေ(၉)နာရီ ကြား ရန်ကုန်မြို့ရှိ Capital Hyper Market နှင့် Myanmar Plaza တို့တွင်ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
Corolla နဲ့ Camary ဆိုတာမြန်မာပြည်သူတွေအနေနဲ့ အရင်းတနှီးကျွမ်းဝင်ပြီးသားဖြစ်ပါလိမ့်မယ်။ Corolla – (၁၉၆၆) ခုနှစ်တွင် ဂျပန်နိုင်ငံ၌ စတင်ခဲ့သည့် Toyota Corolla ဟာ ကမ္ဘာအနှံ့အပြားတငွ် အစီးရေ (၄၄) သန်းကျော် ရောင်းချထားခြင်းနှင့်အတူ ကမ္ဘာ့ရောင်းအား အကောင်းဆုံးကားအဖြစ် အခိုင်အမာသက်သေထူနိုင်ခဲ့ပါသည်။ ယခု မိတ်ဆက်ပေးခြင်းနှင့်အတူ မိသားစုအသုံးပြုမှုမှ သည်လုပ်ငန်းသုံးအထိ လိုအပ်ချက်များကို Corolla မှ ဖြည့်တင်းပေးနိုင်မည် ဖြစ်ပါတယ်။ Corolla အသစ်တွင် သက်တောင့်သက်သာရှိခြင်းနှင့်အတူ ထိပ်တန်းအဆင့်ရှိ ဘေးကင်း လုံခြုံရေး လုပ်ဆောင်ချက်များကို သပ်ရပ်ကျနစွာ ပေါင်းစပ်ထားပါတယ်။ ကားအတငွ်းပိုင်းမှာဆိုရင်လည်း လက်ရာမြောက်စွာဖန်တီးထားသည့် သားရေထိုင်ခုံများ၊ အလိုအလျောက်လေအေးပေးစက်များ၊ အဆင့်မြင့်အသံစနစ်နှင့် အမျိုးမျိုးသော အခြားအနုစိပ်ဖန်တီးထားသည့်လက္ခဏာရပ်များဖြင့် ပေါင်းစပ်ထားသည့် ကျယ်ဝန်းပြီး ဇိမ်ခံပစ္စည်းများနှင့် ပြည့်စုံသော အတငွ်းခန်းပါဝင်တာကိုတွေ့ရမှာပါ။
Camary – ကမ္ဘာအနှံ့အပြားမှာ ဦးဆောင်နေသည့် Toyota Camry အသစ်ဟာဆိုရင်လည်း မြန်မာနိုင်ငံတွင်ဝယ်ယူရရှိနိုင်တော့မှာဖြစ်ပါတယ်။ လေခွင်းအားကောင်းပြီးပြောင်မြှောက်လှပသည့်ကိုယ်ထည်ဟာ ကားရဲ့ ကြံ့ခိုင်သော အသငွ်အပြင်ကို ဖော်ဆောင်ထားပါတယ်။ အပြင်ပိုင်းတွင် အမြန်မောင်းနိုင်သည့် ခေတ်ဆန်သော ပုံပန်းသွင်ပြင်ကို ကိုယ်စားပြုနိုင်ရန် အနုစိပ် ဖန်တီးထား ပါတယ်။ အတငွ်းပိုင်းမှာလည်း ဇိမ်ခံပစ္စည်းများဖြင့် ပြည့်စုံစေရန်၊ ကားရှိန်နှုန်းထိန်းကိရိယာ၊ ခေတ်မီအသံစနစ်၊ ယာဉ်မောင်းနေရာ၊ အရှေ့နှင့် အနောက်ထိုင်ခုံနေရာ (၃) နေရာအား အလိုအလျောက် အအေးပေးသည့် လေအေးပေးစက် AC၊ ပါဝါဖြင့်နောက်မှီကို လှန်ချ၍ရသည့် အနောက်ဘက်ခြမ်းရှိထိုင်ခုံ အစရှိသည်တို့နှင့်အတူ အမျိုးမျိုးသော လုပ်ဆောင်ချက်များ တပ်ဆင်ထားပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာလည်း ဆီစားသက်သာစေသည့် (၂.၅) လီတာ ဓာတ်ဆီ အင်ဂျင်အား တပ်ဆင်ထားပါတယ်။ Camry အသစ်ရဲ့အဓိကစိတ်ဝင်စားဖွယ် ကောင်းတဲ့အချက်ကတော့ ကမ္ဘာ့အဆင့်မီ ဘေးကင်းလုံခြုံရေးစနစ်ဘဲဖြစ်ပါတယ်။ ဈှေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၅၂,၅ဝဝ ဖြင့်ဝယ်ယူနိုင်မည်ဖြစ် ပြီးအရစ်ကျပေးသွင်းသည့် အစီအစဉ်များဖြင့် ၂၅%မှစတင်သည့် ကနဦးပေးသွင်းငွေနှင့်လည်း ဝယ်ယူနိုင်မှာပါ။ ဝယ်ယူရရှိနိုင်မည့်နေရာတွေကတော့ ရန်ကုန်မှာဆိုရင် – TOYOTA Aye and Sons ၊ နံပါတ် (၈၇) အေ၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင် P.O 11201၊ ရန်ကုန်။ ဖုန်းနံပါတ် – (ဝ၁) ၄ဝဝ ၉၅ဝ၊ (ဝ၁) ၅ဝ၂ ၂ဝ၆ တို့တွင် ဝယ်ယူရရှိနိုင်ပါတယ်။ မန္တလေး ကတော့ – TOYOTA GW Lion၊ ဘလောက် [၅၄၂] ၊ ဦးပိုင် – ၁ဝ/၃၃၉၊ မန္တလေး-ပြင်ဦးလငွ်လမ်း၊ (၃၅) လမ်းနှင့် (၃၇) လမ်းကြား၊ အောင်ပင်လယ်ရပ်ကကွ်၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ဖုန်းနံပါတ် – (ဝ၉) ၉၆၉ ၇ဝဝ ဝဝ၁ ~ ၃ တို့မှာဆက်သွယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။