အောက်တိုဘာလနောက်ပိုင်း အသစ်ဖွင့်သော အရောင်းစင်တာများ ၂ဝ၁၈ ကားတင်သွင်းခွင့် မိုဒယ်အတိုင်း လျှောက်ထားရမည်

0

Full article

အောက်တိုဘာလ ၁၆ ရက်နောက်ပိုင်း ဖွင့်လှစ်ခွင့်ရသော အရောင်းစင်တာများသည် ၂ဝ၁၈ ကားတင်သွင်းခွင့် မိုဒယ်အတိုင်း လျှောက်ထားရမှာ ဖြစ်ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာနက သိရသည်။

"အသစ်ဖွင့်မယ့် အရောင်းစင်တာတွေက အောက်တိုဘာလ ၁၆ ရက်နောက်ပိုင်းဆို ၂ဝ၁၈ မိုဒယ်အတိုင်း လျှောက်ရမယ်။ consignment ပါမစ်လည်း ၂ဝ၁၇ ပါမစ်ပေးမှာ မဟုတ်ဘူး။ ၂ဝ၁၈ လိုင်စင်ပဲရမယ်။"လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။

ကားတင်သွင်းခွင့်လိုင်စင်ပါမစ်များ သက်တမ်းတိုးခွင့်ပြုခဲ့ကြောင်း တရားဝင်ကြေငြာပြီး နောက်ပိုင်းတွင် အရောင်းစင်တာများ ဖွင့်လှစ်၍ consignment ပါမစ်များ ရရန် လျှောက်ထားမှုများလာနေကြောင်း သိရပါသည်။

ထိုကဲ့သို့ အရောင်းစင်တာ အသစ်များကို အောက်တိုဘာလနောက်ပိုင်းဖွင့်လှစ်ပါက consignment ပါမစ်များထုတ်ပေးသော်လည်း ၂ဝ၁၈ ခုနှစ်တွင် စတင်ကျင့်သုံးမယ့် ကားတင်သွင်းခွင့် မိုဒယ်သတ်မှတ်ချက် အတိုင်းသာ ခွင့်ပြုပေးသွားမှာ ဖြစ်ကြောင်းသိရသည်။

ကားအရောင်းစင်တာ လိုင်စင်ပါမစ် သက်တမ်း ၆ လအထိ ရှိနေ၍ ထို consignment ပါမစ်ရရန် အရောင်းစင်တာအသစ်ဖွင့်၍ ပါမစ်များ လျှောက်ထားလျက်ရှိနေကြောင်း သိရပါသည်။

R-01

Author