Zawgyi
မကြာခင်အသစ်ထွက်ရှိမည့် မော်တော်ယာဉ်ဥပဒေတွင် ကားတင်သွင်းခြင်းနှင့် ရောင်းချခြင်း အစရှိသည့် လုပ်ငန်း လိုင်စင်ပြုလုပ်ရမည့်ကိစ္စများကို စီးပွား/ကူးသန်းဝန်ကြီးဌာနမှသာ ကိုင်တွယ်သွားမည် ဖြစ်သည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနထံကနေ သိရသည်။
မော်တော်ယာဉ်ဥပဒေ အမည်အားပြောင်းလဲသတ်မှတ်မည်ဖြစ်ပြီး အခြားအမည်တစ်ခုနှင့် ထွက်ပေါ်လာမှာ ဖြစ်သည်ဟု သိရသည်။
"မော်တော်ယာဉ် ဥပဒေ ကို တစ်ခြားနာမည်တစ်ခုနဲ့ ထုတ်ဖို့ လုပ်နေပါတယ်။ တစ်ချို့အပိုင်းတွေက ပြင်ဆင်တာတွေနဲ့ဆွေးနွေးတုန်း အဆင့်တွေလုပ်နေပါတယ်။ ကားတင်သွင်းတာနဲ့ ရောင်းချတဲ့ ကိစ္စတွေက စီးကူးကပဲ လုပ်ဆောင်မှာပါ "ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၂ဝ၁၅ မော်တော်ယာဉ်ဥပဒေအားပြင်ဆင် ဆောင်ရွက်နေသည်မှာ အခန်းကဏ္ဍ အချိူ့ ကို အသစ်ပြန်လည်ရေးဆွဲသောကြောင့် ၁ နှစ်ခန့်ကြာမြင့်နေပြီး ရှေ့နေချူပ်ရုံးမှတစ်ဆင့် လွှတ်တော် ဥပဒေဆိုင်ရာ လေ့လာဆန်းစစ်ရေးကော်မတီ သို့ရောက်ရှိနေရာ ၂ဝ၁၈ အစတွင် အတည်ပြုထွက်ရှိရန် လုပ်ဆောင်လျှက်ရှိနေသည်ဟု သိရသည်။