မော်တော်ယာဉ်ဥပဒေ ပြင်ဆင်ပြီး ပြည်ထောင်စု လွှတ်တော်တွင် အမြန်ဆုံးအတည်ပြု၍ လုပ်ဆောင်နေ

0

Full article

မော်တော်ယာဉ်များနှင့် သက်ဆိုင်သည့် မော်တော်ယာဉ်ဥပဒေကို အခန်းအချို့အား ပြင်ဆင်မှုများပြုလုပ်နေလျှက်ရှိသည်။

ထိုကဲ့သို့မော်တော်ယာဉ်ဥပဒေအခန်းအချို့ပြင်ဆင်ပြီးလျှင် ပြည်ထောင်စုလွှတ်တော်တွင် အမြန်ဆုံးအတည်ပြု၍ ထုတ်ပြန်ပေးမည်ဖြစ်သည်။မော်တော်ယာဉ် ဥပဒေကို ပြင်ဆင်ဖို့ဆွေးနွေးပွဲလုပ်ထားတယ်။ ပြီးရင် ပြည်ထောင်စုလွှတ်တော်ကိုတင်မယ်။ အဲဒီကအတည်ပြုပြီးတာနဲ့ အမြန်ဆုံးထုတ်ပြန်ဖို့ လုပ်သွားမှာပါဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှုး ရန်ကုန်တိုင်းရုံးကပြောသည်။

မော်တော်ယာဉ်ဥပဒေကို အောက်တိုဘာလလောက်တွင်ထုတ်ပြန်နိုင်ရန် လုပ်ဆောင်နေရာမှ ယခုပြင်ဆင်ရမည့်အခန်းများကိုပဲပြင်ဆင်ဖို့ လုပ်ဆောင်သည်ဖြစ်ကြောင်းသိရသည်။

ခေတ်သစ်

Author