ကားအစီး ၂ဝဝဝ ကျော်ရပ်နားလို့ ရမယ့် ကားပါကင်ကို မီးရထားပိုင်မြေနေရာမှာ တည်ဆောက်ဖို့ အစိုးရအဖွဲ့ကို တင်ပြထားပါတယ်။ ယာဉ်သွားလာမှုပိုများနိုင်ပြီး တစ်ကယ်လိုအပ်ချက်ရှိနေတဲ့ နေရာမှာ တည်ဆောက်သွားမှာပါ ဟု မြန်မာ့ မီးရထားတာဝန်ရှိသူတစ်ဦးမှ ပြောခဲ့သည်။
မြန်မာ့ မီးရထားပိုင်နေရာတွင် တည်ဆောက်ရန် လျာထားသည့်နေရာများမှာ သမ္မတရုံအနောက်ဘက် ကြည့်မြင်တိုင်မီးရထားပိုင်နေရာနှင့် ပုဇွန်တောင်တိုင်မြို့နယ် တို့တွင် တည်ဆောက်သွားမည်ဖြစ်ရာ တင်ဒါစနစ်ဖြင့်ပေးအပ်၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
ခေတ်သစ်