အထပ်မြင့် ကားရောင်းချရေးစခန်းနေရာ ပေးရန် ရန်ကုန်တိုင်းအစိုးရ အဖွဲ့အား တောင်းဆို

0

Full article

 

ရန်ကုန်တိုင်းအတွင်းမှာ တစ်နိုင်တစ်ပိုင် ကာဝယ်ရောင်းများအားအထပ်မြင့် ကားရောင်းချရေးစခန်း နေရာ သတ်မှတ်ပေးရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့အား တောင်းဆိုကြောင်း မော်တော်ကားရောင်းဝယ်ရေး အသင်း (ရန်ကုန်) အမှုဆောင်အစည်းအဝေးက သိရပါသည်။‌

"တစ်နိုင်တစ်ပိုင် ကားရောင်းတဲ့သူတွေကို အထပ်မြင့် ယာဉ်ရောင်းဝယ်ရေးစခန်းပြု လုပ်ပေးဖို့လို ပါတယ်။ ဒါမှလည်း နေ့စဉ်လိုလို ဝင်ထွက်သွားလာနေတဲ့ ကားတွေကြောင့် ယာဉ်ကြောပိတ်ဆို့တာတွေ အနည်းငယ် ဖြေလျှော့သွားမယ်။ တစ်နေရာထည်းမှာလည်း ကားဝယ်တဲ့သူတွေ လာကြည့်လို့ရမယ်။အထပ်မြင့် ကားရောင်းဝယ်ရေးနေရာကို အမြန်ဆုံးအကောင်အထည်ဖော်ပေးဖို့ လိုအပ်တယ်။" ဟု မော်တော်ကားရောင်းဝယ်ရေးအသင်း ရန်ကုန် မှ ဥက္ကဌ ဦးအောင်သန်းဝင်းကပြောပါတယ်။

ထိုအသင်း၏ အမှုဆောင်အစည်းအဝေးသို့ တက်ရောက်လာသည့် လွတ်တော်ကိုယ်စားလှယ်များ၏ ကူညီဆောင်ရွက်မှုဖြင့် တိုင်းအစိုးအဖွဲ့သို့ ပြောပြပေးသွားမှာဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းတွင် တစ်နိုင်တစ်ပိုင်ကားရောင်းဝယ်ရေးစခန်းများဖြစ်သည့် လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်း၊ သီရိမင်္ဂလာဈေးယာဉ်ရောင်းဝယ်ရေးစခန်း ၊ သံသုမာ ယာဉ်ရောင်းဝယ်ရေးစခန်းနှင့် အခြားအသိအမှတ်မပြုထားသည့် ယာဉ်ရောင်းဝယ်ရေးစခန်း ၁၇ ခု ရှိနေပြီး အဆိုပါ ယာဉ်ရောင်းဝယ်ရေးစခန်း အခု ၂ဝ တွင် နေ့စဉ်ကားအစီးရေ ၄ဝဝဝ ကျော် အရောင်းအဝယ်ပြုလုပ်နေကြကြောင်း သိရပါသည်။

ခေတ်သစ်

Author