လမ်းတံတားကြေးဖြတ်သန်းမှူ ကောက်ခံသည့် နှုန်းထား ကင်းလွတ်ခွင့်ပြုရန် ဆွေးနွေးထား

0

Full article

လာမည့် ဘဏ္ဍာနှစ်မှစ၍ လမ်းတံတားကြေးဖြတ်သန်းမှူ ကောက်ခံနေသည့် နှုန်းထားများကို ကင်းလွတ်ခွင့်ပြုရန် ဆွေးနွေးထားရှိတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

လမ်းတံတားကြေးဖြတ်သန်းရာတွင် ကောက်ခံမှူများမှာ တံတားအရေအတွက် များပြားနေသဖြင့် အချို့လမ်းတံတား ကောက်ခံကြေးများကို ဖြေလျော့ပေးရန် လျာထားလျှက်ရှိတယ်လို့ သိရပါတယ်။

တိုင်းနှင့်ပြည်နယ်အသီးသီးရှိသော လမ်းတံတား ၃ဝ၂ ဂိတ်အနက် တံတားကြီး ၁၆ဝ ကျော်ကို ၂ဝ၁၆ ခုနှစ် ဧပြီလ ၁ ရက်မှစ၍ ကောက်ခံခွင့်ဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့လည်းသိရပါတယ်။ လမ်းတံတား ဖြတ်သန်းခကောက်ခံနေသကဲ့သို့ ကောက်ခံနေသည့် လမ်းတံတားများ၏ ပျက်ဆီးမှူများကို ပြန်လည်ပြင်ဆင်ပေးရန်လိုအပ်နေကြောင်း အဝေးပြေးကုန်တင်ကားမောင်းနှင်သူများက ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် လမ်းတံတားကြေးကောက်ခံသည့်ဂိတ်ပေါင်း ၁ဝဝဝ ကျော်ရှိနေရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ BOT စနစ်ဖြင့်လုပ်ကိုင်ခွင့်ထေားသည့် တံတားပေါ်င်း ၈ဝဝ ကျော်ရှိနေတယ်လို့ သိရပါတယ်

ခေတ်သစ်

Photo Credit

Author