အိုဟောင်းစလစ် ရှားပါးလာမှုကြောင့် consignment စနစ်ဖြင့်တင်သွင်းထားသောကားများ စလစ်အစားထိုးခွင့်ပြုပေးရန် လိုအပ်နေ

0

Full article

ယာဉ်အို/ယာဉ်ဟောင်းအပ်နှံသည့် သက်တမ်း နှစ် နှစ်ဆယ် အပ်ကားများရှားပါးလာနေရာ စလစ်ဈေးမှာလည်း အဆမတန်မြင့်တက်လာမှုကြောင့် ကားအရောင်းစင်တာများမှ consignment စနစ်ဖြင့်တင်သွင်းထားသောကားများကို စလစ်အစားထိုးခွင့်ပြုပေးရန်လိုအပ်ကြောင်း အပ်ကုန်စနစ်ဖြင့် ကားတင်သွင်းသူအများစုက ပြောဆိုနေကြသည်။ လက်ရှိအချိန်တွင် ကားအရောင်းစင်တာများက consignment စနစ်ဖြင့် တင်သွင်းထားသာကားများမှာ စလစ်ကပ်ရန် အခက်အခဲများရှိနေပြီး စလစ်ဈေးနှုန်းမြင့်တက်၍ နံပါတ်ယူရန်နှင့် ကားများရောင်းချခြင်းများတွင် အခက်အခဲဖြစ်နေလျက်ရှိရာ စလစ် အစားထိုးအစီအစဉ်ဖြင့် နံပါတ်ယူခွင့်ပြုပေးရန်လိုအပ်နေကြောင်း သိရသည်။

"ကားအရောင်းစင်တာတွေကနေ consignment စနစ်နဲ့ ဝယ်ယူထားတဲ့ကားတွေကအများကြီးကျန်သေးတယ်။ အပြင်မှာကလည်း စလစ်ဈေးက သိန်း ၁၃ဝ လောက်ဖြစ်နေပြီ။ ဒါတောင် နှစ် နှစ်ဆယ်အပ်ကားက အရမ်းရှားတော့ ဝယ်ရတာမလွယ်ဘူးဖြစ်နေတယ်။ နောက်ပိုင်းဆို စလစ် ဈေးထပ်တက်လာရင် နံပတ်ယူဖို့က မလွယ်တော့ဘူး။ စလစ်အစားထိုးတဲ့အနေနဲ့ တန်ဖိုးတစ်ခုခုသတ်မှတ်ပြီး ဒီကားတွေအမြန်ဆုံး နံပတ်ယူပေးလို်က်ရင် အဆင်ပြေသွားမယ်။" ဟု ကားအရောင်းစင်တာက consignment အပ်ကုန်စနစ်ဖြင့် ကားတင်သွင်းထားသူ ဦးဖုန်းမြင့်ကပြောသည်။

ကားအရောင်းစင်တာများ၌ ၂ဝ၁၇ ခုနှစ်နှင့် ရှေ့ပိုင်းကာလ ကားတင်သွင်းမှု ပေါ်လစီအရ တင်သွင်းခဲ့သော consignment ကားများ ကျန်ရှိနေသဖြင့် စလစ်ဈေးနှုန်းမြင့်တက်ကာ နံပါတ်ယူရန်နှင့်ရောင်းချခြင်းများတွင် အခက်အခဲဖြစ်နေပါသဖြင့် စလစ်အစားထိုးအစီအစဉ်ဖြင့် နံပါတ်ယူခွင့်ပြုနိုင်ရန်အတွက် နိုင်ငံတော်ဒုတိယသမ္မတ (၁) ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း MAMDA မှ တင်ပြထားခဲ့ကြောင်းသိရသည်။

Author

Comments