ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ်ကားများ ပါမစ်လျှောက်ထားရာတွင် ငွေလက်ကျန်စာရင်းကျန်ရှိသော ဘဏ်စာအုပ်မူရင်းတင်ပြမှသာ ပါမစ်လျှောက်ထားခွင့်ပြုမည်

0

Full article

ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး အစားထိုးလျှောက်ထားရာတွင် နိုင်ငံခြားငွေစာရင်း Account များစီစစ်ရာတွင် အမှန်တစ်ကယ် ငွေလက်ကျန်မရှိခြင်းများနှင့်ဘဏ်စာအုပ်မိတ္တူ များမှာ မှန်ကန်မှူမရှိခြင်းတို့ကြောင့်ငွေလက်ကျန်စာရင်းကျန်ရှိသော ဘဏ်စာအုပ်မူရင်းတင်ပြမှသာ ပါမစ်လျှောက်ထားခွင့်ပြုသွားမှာ ဖြစ်တယ်လို့ မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော ကြီးကြပ်ရေးကော်မတီကသိရပါတယ်။


ဖရီးပါမစ်ဖြင့် ကားတင်သွင်းမှူကိုလည်း မှတ်ပုံတင်အတုများပြုလုပ်၍ လျှောက်ထားမှူရှိနေသဖြင့် ကာယကံရှင်ကိုယ်တိုင် လာရောက်လျှောက်ထားမှသာ ပါမစ်ထုတ်ပေးမည်ဖြစ်ရာ စလစ်ကပ်ကားများကိုလည်း ပိတ်ထားသည့်ငွေစာရင်း Account များ ငွေလက်ကျန်မရှိတဲ့ ဘဏ်စာရင်းများ လျှောက်ထားမှူရှိနေသဖြင့်ဒီဇင်ဘာ ၁၄ ရက်မှစကာ ၂ ပတ်အတွင်း ငွေလက်ကျန်ဘဏ်စာအုပ်မိတ္တူပြုမှသာ ထုတ်ပေးမှာ ဖြစ်တယ်လို့ပြောပါတယ်။

ဖရီးပါမစ်နဲ့တင်သွင်းတဲ့ကားတွေကော ယာဉ်အိုယာဉ်ဟောင်း အစားထိုးတင်သွင်းတဲ့ကားတွေကော တစ်ခါတည်းဆုံးဖြတ်ချက်ချတာဖြစ်ပါတယ်။အခုရက်ပိုင်းမှာ ပါမစ်လျှောက်ခွင့်ပေးတဲ့ရက်နဲ့နီးလာလို့ မှတ်ပုံတင်မမှန်ပဲ လာလုပ်တာတွေ၊ဘဏ်စာရင်းမှာငွေမရှိပဲလာလုပ်နေတာတွေရှိနေတဲ့အတွက် ကန့်သက်လိုက်တာဖြစ်ပါတယ်။လို့ အထက်ပါဌာနက တာဝန်ရှိသူကပြောပါတယ်။

ခေတ်သစ်

Author