မြန်မာအက္ခရာမှ အင်္ဂလိပ်အက္ခရာပြောင်းလဲခြင်းကို ၂ဝ၁၃ ခုနှစ်မှ စတင်ပြုလုပ်ပေးခဲ့ပြီး လက်ရှိတွင် အက္ခရာနံပါတ်ပြား ပြောင်းလဲတပ်ဆင်ခြင်းမှာ ၉ဝ ရာခိုင်နှုန်းပြီးစီးနေပြီး ကျန်ရှိနေသေးသည့် ယာဉ်ပိုင်ရှင်များထံ အက္ခရာနံပါတ်ပြားများ ပြောင်းလဲတပ်ဆင်ရန် အကြောင်းကြားစာများ ပေးပို့ဆက်သွယ်ထားကြောင်း သိရသည်.။
"အကြောင်းကြားစာတွေကို သြဂုတ်လမကုန်ခင်က ပို့ခဲ့တာပါ.။ ဒီစက်တင်ဘာတစ်လလုံး အချိန်ပေးထားတယ်.။ သတ်မှတ်ကာလအတွင်း လာရောက်ပြောင်းလဲခြင်းမရှိဘူးဆိုရင်တော့ ၁၉၆၄ မော်တော်ယာဉ် ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်.။ (ကားတစ်စီးလုံးတောင် ဝယ်စီးနိုင်ပြီး) နံပါတ်ပြားလဲရင် ပိုက်ဆံတစ်သောင်းကုန်လို့ မလုပ်ဘူးဆိုတဲ့သူတွေက ဥပဒေကို ကလန်ကဆန်လုပ်တဲ့သဘောပဲ၊ သူတို့ကို ယာဉ်နံပါတ်ပြားအသစ် ပြုလုပ်ပေးရလို့ ကုန်တဲ့ ကုန်ကျငွေပဲ ကောက်တာပါ.။ အရေးယူမှုကို မော်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲတပ်ဖွဲ့က ဆောင်ရွက်ပါလိမ့်မယ်" ဟု က.ည.န (မြင်သာ) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်.။ ထိုသို့ အက္ခရာနံပါတ်ပြားပြောင်းလဲခြင်း ဆောင်ရွက်ပါက ဖောင်းကြွနံပါတ်ပြားကို သက်ဆိုင်ရာကညနရုံးများတွင် ငွေကျပ်တစ်သောင်းပေးသွင်း၍ တပ်ဆင်နိုင်ကြောင်း သိရသည်.။
နေနွယ် (10.9.2015 ထုတ် ပြည်မြန်မာမှ ကူးယူဖော်ပြသည်)
www.carsdb.com
No. 1 Car Site in Myanmar