သို့မှသာ ပြည်ပမှ ကားတင်သွင်းနေသည့် လုပ်ငန်းရှင်များမှာ ရန်ကုန်လိုင်စင်ကို အဓိကအားထားရောင်းချနေရပြီး အကန့်အသတ် တစ်ခုဖြင့် လုပ်ဆောင်ပေးသင့်ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ကုန်မြို့တစ်ခုထဲကို သီးခြား ကန့်သတ်မည်ဆိုပါက ဥပဒေတွင်ထည့်သွင်းရေးဆွဲထားသင့်ကြောင်းသိရသည်။
ရန်ကုန်လိုင်စင်ကိစ္စနဲ့ ကားတင်သွင်းတာကို အဖြေတစ်ခုထုတ်ပေးဖို့လိုတယ်။ ကားအရောင်းပြခန်းတွေကော ဝယ်ရောင်းသမားတွေကော ရန်ကုန်လိုင်စင်ကိုပဲ အဓိကထားပြီးရောင်းနေရတာ။ ပိတ်ရင်လည်း ပိတ်မယ်ဆိုတဲ့အဖြေ ပြန်ဖွင့်ပေးရင်လည်း ဘယ်လိုနည်းလမ်းနဲ့ ပြန်ဖွင့်ပေးမယ်ဆိုတာကို ကြေငြာချက်ထုတ်ပြန်ပေးသင့်တယ်။ ဒါမှလည်း ဈေးကစားတဲ့သူတွေ လုပ်လို့မရမှာ ဟု ကားတင်သွင်းရောင်းချသူများကပြောသည်။
ခေတ်သစ်