နေပြည်တော်တွင် Mitsubishi FARMER Auto Car showroom ပထမဆုံး စတင်ဖွင့်လှစ်

0

Full article

နေပြည်တော်တွင် Mitsubishi FARMER Auto Car showroom အား ဇန်နဝါရီ ၂၅ ရက် ကြာသာပတေးနေ့ မနက် ၉ နာရီတွင် ပထမဆုံး စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ car showroom ကို အမှတ် (၅၇၈/၅၇၉ ) ရာဇာဌာနီလမ်းမကြီး၊ ပေါင်းလောင်း ၃ ရပ်ကွက် ပျဉ်းမနား မြို့ နေပြည်တော်တွင် စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး Mitsubishi ကားရောင်းချမှုနှင့် after sales services ကိုပါ တွဲဖက်ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

"နိုင်ငံတော်ရဲ့ ကားတင်သွင်းတဲ့ပေါ်လစီအရ ၂ဝ၁၈ မှာ ပြောင်းလဲလာတဲ့မူအရ ဘယ်မောင်းကားတွေကို တင်သွင်းခွင့် ပြုဖို့ သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကားအသစ်ဈေးကွက်ကို ပြောင်းလဲလုပ်ကိုင်လာခဲ့တာဖြစ်ပါတယ်။ ပထမဆုံး Suzuki dealer ကိုစတင်လုပ်ကိုင်ဖြစ်ခဲ့ပါတယ်၊ ကျွန်တော်တို့ Mitsubishi ကားတွေပြုပြင်ဖို့ အတွက် စက်ပြင်ဆရာတွေကို သတ်မှတ်တဲ့စံနှုန်းအတိုင်းထားရှိထားပါတယ်။ အရောင်းပြခန်းမှာလည်း စက်ပြင်ဆရာတွေကို အဆင့်သင့်ထားရှိပါတယ်။ နောက်ပိုင်း မိုဒယ်မြင့်ကားတွေ ဝင်လာတဲ့အခါ ၆ လတစ်ခါ၊ တစ်နှစ်တစ်ခါ စစ်ဆေးပါတယ်။ Mitsubishi brand အတွက် spare parts တွေလည်းရရှိနိုင်ပါတယ်။ SUV အနေနဲ့ Mitsubishi ဟာ အားလုံးရင်းနှီးပြီးသားဖြစ်ပါတယ်။ ကားဝယ်တဲ့အခါမှာ ကားပြင်ဆင်တဲ့ services အပိုင်းကိုလည်းထည့်သွင်းစဉ်းစားထားဖို့လိုပါတယ်။"ဟု Mitsubishi ARMER auto ကားအရောင်းပြခန်းဖွင့်လှစ်ထားသူ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် တင်သွင်းဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။

အခုဖွင့်လှစ်လိုက်သော Mitsubishi FARMER auto ကားအရောင်းပြခန်းတွင် Mitsubishi Motors Attrage , Mitsubishi L 200 4wd ကားအမျိူးအစားများနှင့် Mitsubishi Pajero sport ကားများကို လည်းရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Author