Full article

နေပြည်တော် ပုဗ္မသီရီမြို့ နယ် အောင်သီရိကျေးရွာအနီး သတ္တသတ္တာဟ အကျော် ၆ဖာလုံနားမှာ ထူးခြားတဲ့  ဆွဲငင်အားကြောင့် မော်တော်ကားများ၊ ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များဟာ ကုန်းဆင်း ဖြစ်သော်လည်း (ဂီယာဖရီးထားထားတဲ့ ယာဉ်များဟာ) ရှေ့ကို လိမ့်မဆင်းပဲ နောက်ပြန်တက်ခြင်း၊ အထက်သို့ ဆန်တက်ခြင်း ဖြစ်နေတာကို တွေ့ရှိရပြီး ပျဉ်းမနားမြို့ အနီးတဝိုက်ကနေ လာရောက်စမ်းကြည့်ရှုသူများလဲ ရှိနေပါတယ်။ နေပြည်တော် ပုဗ္မသီရီမြို့ နယ် အောင်သီရိကျေးရွာအနီး သတ္တသတ္တာဟ အကျော် ၆ဖာလုံနားမှာ ထူးခြားတဲ့ ဆွဲငင်အားကြောင့် မော်တော်ကားများ၊ ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များဟာ ကုန်းဆင်း ဖြစ်သော်လည်း (ဂီယာဖရီးထားထားတဲ့ ယာဉ်များဟာ) ရှေ့ကို လိမ့်မဆင်းပဲ နောက်ပြန်တက်ခြင်း၊ အထက်သို့ ဆန်တက်ခြင်း ဖြစ်နေသည်ဟုဆိုကာ ပျဉ်းမနားမြို့ အနီးတဝိုက်ကနေ လာရောက်စမ်းကြည့်ရှုသူများလဲ ရှိနေပါတယ်။

အထက်ပါသတင်းနှင့်ပက်သက်ပြီး ကျွန်တော်များ MyanmarCarsDB မှရရှိထားသောအချက်အလက်များကို တင်ပြပေးလိုက်ပါတယ်။

nay_pyi_taw

Gravity Hill သို့မဟုတ် Magnetic Hill ခေါ် တောင်ကုန်းများအကြောင်း Wikipedia မှာ စာရင်းပြု ဖော်ပြထားရာ မြန်မာနိုင်ငံ နေပြည်တော် တပ်ကုန်းလည်း ပါဝင်ပါတယ်။ ဘေးပတ်ဝန်းကျင်ရဲ့ တောင်ကုန်း အလျှိုများ အနေအထားကြောင့် တောင်ကုန်းမှာ နိမ့်သွားရာဘက်ကို တောင်ပေါ်အဖြစ် ထင်မှတ်နေအောင် အမြင်ထင်မှားစရာဖြစ်နေခြင်း ဖြစ်ပါတယ်။ ကားကို ဂီယာဖရီး ဖြုတ်ထားရင် တောင်ပေါ်ပြန်လိမ့် တက်နေတယ်လို့ အမြင်အရ ယူဆရပေမယ့် ရေချိန်ဖြင့်တိုင်းကြည့်ပါက အမြင့်ဟု အမြင်ဖြင့်ထင်စရသည့် အခြမ်းမှာ အနိမ့်ခြမ်းသာဖြစ်ပါတယ်။

အဲဒီ့လို လမ်းများရှိရာ နေရာများကို Magic Hill ဟုခေါ်ကြပြီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီး၊ ကနေဒါနဲ့ အိုင်ယာလန် နိုင်ငံတွေမှာလည်း တွေ့ရှိရပါတယ်။ အချို့နေရာများတွင် အပျော်သဘော လာကြည့်ရင်းကနေ အပန်းဖြေနေရာ တစ်ခုအဖြစ်ကာ ယခုအခါ ကားဝင်စမ်းကြည့်ရန်အတွက် အခကြေးငွေပေးရပါတာမျိုးလည်းရှိပါတယ် ခင်ဗျာ။

Author

Comments