နေပြည်တော်ကုန်းလမ်းပို့ဆောင်ရေးဌာနမှ သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း နိုင်ငံ့ဝန်ထမ်းများအဆင်ပြေစေရန်အတွက် နေပြည်တော်-ရန်ကုန် ခရီးစဉ် ပြေးဆွဲပေးသွားမည်

0

Full article

မြန်မာနှစ်သစ်ကူး သင်္ကြန်ရုံးပိတ်ကာလအတွင်း နိုင်ငံ့ဝန်ထမ်းများအဆင်ပြေစေရန်အတွက် နေပြည်တော်-ရန်ကုန် ခရီးစဉ် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးဌာန ထံမှသိရသည်။

နေပြည်တော်ရှိ ရုံးဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း သွားလာရေးအဆင်ပြေစေရန်အတွက် နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေးဌာန၏ အစီအစဉ်ဖြင့် နေပြည်တော်-ရန်ကုန်ခရီးစဉ်တစ်ခုကို ပြေးဆွဲပေးသွားမည်ဖြစ်သည်။ အဆိုပါခရီးစဉ်တွင် MAN/ Volvo Express Bus အမျိုးအစား ငါးစီး၊ ထိုင်ခုံ ၂၀၀ ဖြင့် နေပြည်တော်-ရန်ကုန် (အသွား/အပြန်) အတွက် ယာဉ်စီးခ ငွေကျပ် ၁၅၀၀၀ ဖြင့်လည်းကောင်း၊ Hyundai City Bus အမျိုးအစား ငါးစီး၊ ထိုင်ခုံ ၂၀၀ ဖြင့် နေပြည်တော်-ရန်ကုန် (အသွား/အပြန်) ခရီးစဉ်အတွက် ယာဉ်စီးခ ၁၁,၀၀၀ ကျပ်ဖြင့်လည်းကောင်း စုစုပေါင်း ယာဉ် ၁၀ စီးဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။ နေပြည်တော်မှ ရန်ကုန်သို့ စတင်ထွက်ခွာမည့်နေ့မှာ ၂၀၂၀ ပြည့်နှစ် ဧပရယ်လ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ နံနက် ၇ နာရီမှ ညနေ ၆ နာရီ အတွင်းနေပြည်တော် ကုန်းလမ်းပို့ဆောင်ရေး ဂိတ်တွင် ရောင်းချပေးသွားမည်ဖြစ်ပြီး အဆိုပါခရီးစဉ်တွင် လက်မှတ်ရောင်းချပေးနိုင်မည့်အရေအတွက်ထက် ပိုမိုများပြားနေပါက ဝန်ကြီးဌာနအလိုက် အချိုးကျ ကန့်သတ်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါခရီးစဉ်၏ လမ်းကြောင်းများမှာ ထောက်ကြံ့လမ်းဆုံမှ ပြည်လမ်းအတိုင်းမောင်းနှင်ပြီး ရန်ကုန်ဘူတာကြီးတွင် ခရီးစဉ်ပြီးဆုံးမည်ဖြစ်ပြီး ဒုတိယလမ်းကြောင်းမှာ အမှတ်(၃) လမ်းမကြီးမှ မောင်းနှင်ကာ အောင်မင်္ဂလာအဝေးပြေးဂိတ်၊ မြောက်ဥက္ကလာပအဝိုင်း၊ တံတားလေးလမ်းဆုံ၊ ကမ္ဘာအေးလမ်းမှတစ်ဆင့် ရန်ကုန်ဘူတာကြီးတွင် ခရီးစဉ် အဆုံးသတ်မည်ဖြစ်ကြောင်းသိရသည်။

Author