ယခုနှစ်တွင် အမည်ပြောင်းခွန် ပြောင်းလဲသွားမည်မဟုတ်

0

Full article

![](/redline/content/images/2017/05/11-300x200.jpg)

၂ဝ၁၇ အခွန်ကောက်ဥပဒေကြမ်းသည် ဧပြီလ ၁ ရက်တွင် ထုတ်ပြန်ကြေညာထားပြီးဖြစ်၍ အမည်ပြောင်းခွန် ပြောင်းလဲမည် ဆိုခြင်းမှာ သတင်းအမှားသာဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနမှ သိရပါတယ်။ အမည်ပြောင်းခွန် ပြောင်းမယ်ဆိုတာ မဟုတ်ပါဘူး။သတင်းအမှားတွေပါ။ ၂ဝ၁၇ အခွန်ကောက်ဥပဒေကလည်း အတည်ပြုထွက်ပီးသွားပီ။ပြောင်းမယ်ဆိုရင် လွတ်တော်အထိပြန်တင်ရမှာဖြစ်တဲ့ အတွက် ဒီနှစ်ထဲမှာ မဖြစ်နိုင်ပါဘူးဟု ပြည်တွင်းအခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မော်တော်ယာဉ်တစ်စီးအား အခြားပိုင်ရှင်တစ်ဦးထံမှ ဝယ်ယူမည်ဆိုပါက ထိုဝယ်ယူမည့် ကားတန်ဖိုးအား ငွေဖြူပြသရမည်ဖြစ်၍ ငွေဖြူမပြသနိုင်ပါက အမည်ပြောင်းခွန်ပြုလုပ်ရပြီး ၁ ကျပ်မှ သိန်း၃ဝဝ အထိကို ၁၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ပြီး ၃ဝ၁ သိန်းမှ ကျပ်သိန်း ၁ဝဝဝ အထိကို ၂ဝ ရာခိုင်နှုန်း ၊ ကျပ်သိန်း ၁ဝဝဝ အထက်ကို ၃ဝ ရာခိုင်နှုန်း ကောက်ခံနေလျှက်ရှိကြောင်း သိရသည်။

ပြင်ပတွင် အမည်ပြောင်းခွန်ပြောင်းမည်ဆိုသော သတင်းများထွက်ပေါ်နေရာ စီးပွားရေးသမားများက ဈေးကွက်ပြောင်းလဲရန် သတင်းအမှားများလွင့်နေတာဖြစ်တယ်နေကြောင်း အမည်ပြောင်းခွန်ပြောင်းလဲရန် အဆင့်ဆင့်တင်ပြရကြောင်း လွတ်တော်တွင်တင်ပြဆွေးနွေးမှူများလုပ်ရကြောင်း အမည်ပြောင်းခွန်သည် ကားရာင်းအဝယ်တင်မဟုတ်ဘဲ အိမ်၊ခြံ၊မြေ ကအစပါနေပါတယ်။လွတ်တော်မှာလည်း အတည်ပြုထားတဲ့ ဥပဒေကို အလွယ်တကူ ထပ်ပြောင်း၍ မရကြောင်း သိရပါတယ်။

ခေတ်သစ်

Photo Credit

Author