Full article

၂ဝ၁၄ ခုနှစ် မတ် လ ၁၈ ရက်နေ့ ညနေ ၅နာရီ မိနစ်၃ဝ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်၌ ဦးကျော်လင်းဒွေး ဆိုသူမှ အဝတ်အထည် ဝတ်ဆင်ထား ခြင်းမရှိဘဲ ယာဉ်ထိန်းရဲတပ်ဖွဲ့ ကားအရှေ့တွင် အလေးပြုအနေထားဖြစ် ၃ မိနစ်ခန့် တစ်ကိုယ်တော် ဆန္ဒပြခဲ့မှု ဖြစ်ပွားခဲ့ပါသည်။

500

ထိုကဲ့သို့ ပြုမူဆန္ဒပြရခြင်း အကြောင်းရင်းမှာ ယဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပေါ်ပေါ်ထင်ထင် ငွေတောင်းခံနေမှုများကို ပပျောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် ကာလမှာပင် နိုင်ငံ့ဝန်ထမ်းများအား တရားဝင် ကျပ် ၃ဝဝဝဝဝ အောက်အား လာဘ်စားခွင့် ပြုလိုက်ခြင်းကြောင့် ကျွန်တော်တို့ ပြည်သူတွေသာ နစ်နာရသည့် အတွက် ဆန္ဒပြ ခြင်းဖြစ်သည်ဟု ပြောကြားခဲ့။ ယခုထိုသူ အား မင်္ဂလာဒုံမြို့မ ရဲစခန်းတွင် စစ်ဆေး အရေးယူ လျှက်ရှိကြောင်း သိရပါသည်။

Credit : myanmar news

Author