မိမိတို့၏ အိမ်သုံး နှင့် လုပ်ငန်းသုံးအတွက် စိတ်ဝင်စားသူတိုင်း ရွေးချယ်စရာတစ်ခုဖြစ်သော စူပါကယ်ရီကုန်တင်ယာဉ်ငယ်မှာ ထူးခြား ဆွဲဆောင်မှုရှိပြီး အမှန်တကယ် သင့်လျော်ပါသည်.။ လူကြီးမင်းတို့ သဘောကျလက်ခံနိုင်သော အချက်အလက်များမှာ ဂီယာ (၅) ချက်ပါရှိခြင်း၊ အင်ဂျင်ပါဝါ ၁ဝဝဝcc 4 cylinder ဖြင့်ဖွဲ့စည်းထားခြင်း၊ ထိန်းသိမ်းမှုနှင့် ပြင်ဆင်ရာတွင် လွယ်ကူချောမွေ့ခြင်း၊ နေရာကျယ်ဝန်းပြီး နောက်ပိုင်းကိုယ်ထည်နိမ့်သဖြင့် လွယ်ကူစွာ ကုန်ပစ္စည်းများ အတင်အချပြုလုပ်နိုင်ခြင်း၊ တောင့်တင်းသော အောက်ခံဖရိမ်ဖြင့် တည်ဆောက်ထားခြင်း၊ သော့ဖြင့် အပိတ်အဖွင့်လုပ်နိုင်သော ဆီတိုင်ကီအဖုံးပါဝင်ခြင်း တို့ဖြင့် သပ်ရပ်စွာ ဖွဲ့စည်းထားသည်.။ မြန်မာ နိုင်ငံ လမ်းစည်းကမ်း နှင့်ကိုက်ညီသော ဘယ်မောင်း စနစ် ဖြင့်တည်ဆောက်ထားခြင်း၊ warranty 2,0000 Mile ( သို့မဟုတ် ) ၁ နှစ် အာမခံ နှင့် သုံးစွဲသူအမည်ပေါက် မှတ်ပုံတင်နိုင်ခြင်း တို့ကြောင့် မြန်မာ ကားပရိတ်သတ် များကြိုက်နှစ်သက်သောကားတစ်စီး
Durable body finish
ပစ္စည်းအမျိုးမျိုးကို တင်ဆောင်အသုံးပြုနိုင်ရန် စူပါကယ်ရီကုန်တင်ယာဉ်ငယ်ကို တီထွင်ထုတ်လုပ်ထားပါသည်.။ Cathodic Electrodeposition နည်းစနစ်ဖြင့် ခံဆေးထူထပ်စွာ သုတ်ထားသောကြောင့် သံချေးတက်ခြင်းမှ အထူးကာကွယ်မှု ပေးပါသည်.။ Detachable cargo bed ယာဉ်ပိုင်ရှင်မှ လိုအပ်လျှင် လိုအပ်သလို ကုန်တင်ဘော်ဒီအား လွယ်ကူစွာ ဖြုတ်တပ် ပြုပြင် ပုံစံပြုနိုင်ပါသည်.။Myo Motor Car Sale Center ကို 1998 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအချိန်ထိ နှစ်ပေါင်းကြာရှည်စွာ ကားအရောင်းအဝယ်လုပ်ငန်းများကို လုပ်ကိုင်နေခဲ့သော ကုမ္ပဏီဖြစ်ပါသည်.။ SUZUKI ကားကုမ္ပဏီ၏ Authorized Dealer အဖြစ် လုပ်ကိုင်ခွင့်ရရှိထားသော ကုမ္ပဏီလဲဖြစ်ပါသည်.။ ကုမ္ပဏီမှ ရောင်းချသော SUZUKI ကားသစ်များကို 1 year warranty ပေးအပ်ထားပြီး ပြန်လည်ပြုပြင်ခြင်းများကိုလဲ Service လက်ခ အခမဲ့ဖြင့် ပြုပြင်ပေးနေပါသည်.။ Myo Motor Car Sale Center တွင် ရရှိနိုင်သော ဝန်ဆောင်မှုများမှာ– ဂျပန်နိုင်ငံမှ Model မြင့်မြင့် ကားသန့်သန့်များကို အမည်ပေါက်ဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးပါသည်.။– ယာဉ်အို၊ ယာဉ်ဟောင်း စလစ်ပိုင်ရှင်များ၊ မိမိကြိုက်နှစ်သက်သော ကားများကို Japan Auction မှ စိတ်တိုင်းကျ မှာယူတင်သွင်းပေးလျှက်ရှိပါသည်.
U AUNG MYO WIN ( Managing Director )
MYO MOTOR SERVICE CO., LTD
No. ( 192 ), East Horse Race Course Road, Tamwe Township,
Yangon, Myanmar.
Ph. (+951)-400123, 400399, 556685, 546345
Email. myomotor@gmail.com
ကို ဆက်သွယ်နိုင်ပါတယ်.။