မြဝတီနယ်စပ်က ထိုင်းနိုင်ငံထုတ် မဟုတ်သည့်ကားများတင်သွင်းခြင်းကို ၂ဝ၁၇ ပါမစ်သက်တမ်းကုန်ပါက တင်သွင်းခွင့်ရပ်ဆိုင်းမည်

0

Full article

Zawgyi

မြဝတီနယ်စပ်က ထိုင်းနိုင်ငံထုတ်မဟုတ်သည့် ကားများဖြစ်သော Hijet, Delivery Van ကားများ တင်သွင်းခြင်းကို ၂ဝ၁၇ ပါမစ်သက်တမ်း ကုန်ဆုံးပါက တင်သွင်းမှု ရပ်ဆိုင်းသွားမှာ ဖြစ်သည်ဟု စီးပွား/ကူးသန်းဝန်ကြီးဌာနကနေ သိရသည်။

နယ်စပ်မှတစ်ဆင့် မော်တော်ကားတင်သွင်းခြင်းကို (CO) Country Original ဖြစ်သည့် ကားများကိုသာ တင်သွင်းခွင့်ပြုထားရာ ယခုနှစ်အတွက် ခွင့်ပြုပေးထားသော လိုင်စင်ပါမစ် သက်တမ်းအတိုင်း ပေးသွားမည် ဖြစ်သော်လည်း ပါမစ်သက်တမ်း ကုန်ဆုံးပြီးပါက နောက်ထပ်တင်သွင်းခွင့်မပြုတော့ကြောင်း သိရပါသည်။

"ဒီနှစ်ထုတ်ပေးထားတဲ့ ပါမစ်သက်တမ်း ကုန်သွားရင်တော့ မရတော့ပါဘူး။ ထိုင်းနိုင်ငံထုတ် လုပ်ငန်းသုံး ကားတွေကိုပဲ မိုဒယ်သတ်မှတ်ထားတဲ့အတိုင်း တင်သွင်းခွင့်ရ မယ်။ Hijet နဲ့ Delivery Van တွေလည်း မရပါဘူး။ "လို့ စီးပွား/ကူးသန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြဝတီနယ်စပ်က လုပ်ငန်းသုံးအုပ်စုတွင် ပါဝင်နေသည့် ကားများကို တင်သွင်းခွင့်ပေးမှာဖြစ်သော်လည်း လာမယ့် ၂ဝ၁၈ အတွက် ချမှတ်ထားသော ကားတင်သွင်းခွင့် မိုဒယ်အတိုင်းသာ ခွင့်ပြုပေးသွားမှာ ဖြစ်သည်ဟု သိရသည်။

နယ်စပ်ဒေသဝင်ပေါက်ကနေ ကားတင်သွင်းရာတွင် လုပ်ငန်းသုံးကားများကိုသာ အစီးရေ ကန့်သတ်ချက်ဖြင့် လိုင်စင်ခွင့်ပြု တင်သွင်းခွင့် ပေးထားလျှက်ရှိပြီး Country Orginal မဟုတ်သည့် ကားများဖြစ်သော Deliver Van နဲ့ Hijet ကားများကို တင်သွင်း ခွင့်ပြုမှာ မဟုတ်ကြောင်း သိရပါသည်။

Author