မြဝတီနယ်စပ်ကနေ Hijet နှင့် Delivery Van ကားများတင်သွင်းခွင့်မပေး

0

Full article

Photo Credit
မြဝတီနယ်စပ်ကနေ ထိုင်းနိုင်ငံထုတ် လုပ်ငန်းသုံးယာဉ်များသာ ပေးသွင်းပြီး ဂျပန်နိုင်ငံထုတ် Hijet နှင့် Delivery Van တို့ကို တင်သွင်း ခွင့်ပေးသွားမည်မဟုတ်ကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာနမှ သိရသည်။

"နယ်စပ်ကကားသွင်းတာကို CO ပြရမယ်။ ထိုင်း custom ရဲ့ ID,EO ပါရမယ်။ ထိုင်းနိုင်ငံကထုတ်တဲ့ လုပ်ငန်းသုံးကားအားလုံးကို ခွင့်ပြုပါတယ်။ Hijet နဲ့ Delivery van တွေဆိုရင်မရပါဘူး"ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူကပြောပြပါသည်။

ထိုင်းနိုင်ငံထုတ် လုပ်ငန်းသုံး ကားအားလုံးကို မြဝတီနယ်စပ်ကတဆင့် တင်သွင်းခွင့်ပေးမည်ဖြစ်ရာ မြဝတီ တံတားပေါ်ကနေ တင်သွင်းလာသော ကားသစ်များဖြစ်ပါက ထိုင်းနိုင်ငံထုတ် (CO) Country Orginal ဖြစ်ရမည်ဖြစ်ပြီး ကားဟောင်းများဖြစ်ပါက ထိုင်းနိုင်ငံ custom ၏ တင်သွင်းခွင့်ပြုကြောင်း အထောက်အထား ပါရှိရမှာဖြစ်ပါသည်။

ကုမ္မဏီလိုင်စင်ဖြင့် လုပ်ငန်းသုံး မော်တော်ယာဉ်အချို့ တင်သွင်းမှုကို ကန့်သတ်ထားရာ ကုမ္မဏီလိုင်စင်တစ် နှစ်ရှိမှ တစ်လ တစ်စီးနှုန်းဖြင့် တင်သွင်းခွင့်ရမည်ဖြစ်ပြီး ပင်လယ်ရေကြောင်းအပါအဝင် နယ်စပ်မှ တင်သွင်း မှုများ အားလုံး အကြုံးဝင်ကြောင်းသိရသည်။

လက်ရှိ နယ်စပ်ဒေသကနေ မော်တော်ယာဉ်များတွင်းသွင်းခွင့်ပေးနေသော လုပ်ငန်းသုံးအမျိုးအစားများ ဖြစ်သည့် Deliver Van၊ Mini Truck၊ Light Truck၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးယာဉ်ယန္တရားများနှင့် မီနီဘတ်(စ်)များသာ တင်သွင်းခွင့်ပေးနေကြောင်းသိရသည်။

ပြီးခဲ့သည့် ဘဏ္ဍနှစ်တွင် မြဝတီနယ်စပ်မှတဆင့် လုပ်ငန်းသုံးကားများ တင်သွင်းမှု မြင့်မားလာခဲ့ဟု သိရသည်။

ခေတ်သစ်

.

Author