နယ်စပ်ကနေ ထိုင်းနိုင်ငံထုတ် ကားများတင်သွင်းရန် သတ်မှတ်မည်ဖြစ်သော်လည်း ကားအပိုပစ္စည်း တင်သွင်းမှုကို ကန့်သတ်မည်မဟုတ်

0

Full article

_ Photo Credit_

မြဝတီနယ်စပ်က ထိုင်းနိုင်ငံထုတ် ကားများကိုသာ တင်သွင်းရန် သတ်မှတ်မည်ဖြစ်သော်လည်း ကားအပိုပစ္စည်း တင်သွင်းမှုကိုတော့ ကန့်သတ်မည်မဟုတ်ဘဲ ဆက်လက်ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာန ကနေသိရသည်။

နယ်စပ်ဒေသများကတစ်ဆင့် ကားများတင်သွင်းရာတွင် (CO) Country Orginal ဖြစ်သည့် ကားများကိုသာ တင်သွင်းခွင့်ပေးထားပြီး ယခု ၂ဝ၁၇ ခုနှစ် အတွက် ခွင့်ပြုပေးထားသော လိုင်စင်ပါမစ် သက်တမ်းများ ကုန်ဆုံးပြီးပါက တင်သွင်းခွင့် ပြုမည်မဟုတ်ကြောင်း သိရသည်။

"နယ်စပ်က ကားသွင်းတာကိုပဲ ရပ်မှာ။ ကားအပိုပစ္စည်း တင်သွင်းတာကိုတော့ မကန့်သတ်ပါဘူး။ အပိုပစ္စည်းတွေ တင်သွင်းတာ ပိတ်ဖို့လည်း မရှိပါဘူး။ "လို့ စီးပွား/ကူးသန်းဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ယခုအခါ ထိုင်းနိုင်ငံ အကောက်ခွန်ဌာနက ထိုင်းနိုင်ငံ နယ်စပ်နေရာများတွင် ကားသိုလှောင်ထားခြင်းကို မပြုတော့ဘဲ ချက်ခြင်း တင်သွင်းရမည်ဖြစ်ကြောင်းသိရသည်။

R-01

Author