မြန်မာနိုင်ငံ၏ ပထမဆုံး Peugeot Showroom ဖွင်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းတွင် ကျင်းပခဲ့

0

Full article

မြန်မာနိုင်ငံ၏ ပထမဆုံး Peugeot Showroom ဖွင်ပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ(၁၈) ရက်နေ့တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းတွင် ကျင်းပခဲ့သည်။


ဥရောပ၏ နာမည်ကြီးကားအမှတ်တံဆိပ်ဖြစ်သော Peugeot ၏ မြန်မာနိုင်ငံပထမဆုံး Showroom ကို Super Seven Stars ကုမ္ပဏီမှ အမှတ်(၁၆)၊ ကမ္ဘာအေးဘုရားလမ်းတွင် ဖွင့်လှစ်ခဲ့သည်။ Peugeot Showroom ဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Mr C. Lechervy ၊ Peugeot မှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ Peugeot customer များ၊ နိုင်ငံကျော်အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။ ထို့နောက် ပြင်သစ်သံအမတ်ကြီး Mr.C.Lechervy နှင့် Peugeot CEO Mr Mark Willam Hall တို့မှ အမှာစကားပြောကြားခဲ့သည်။ Peugeot Showroom သစ်တွင် Peugeot 3008 နှင့် 5008 Model SUV များကို ပြသရောင်းချသွားမည်ဖြစ်ပြီး ကား(၁၀) စီး ကို တစ်ပြိုင်တည်းပြုပြင်နိုင်သော Car Service လည်းပါရှိမည်ဖြစ်ကြောင်းသိရသည်။


Peugeot ကား Brand သည် PSA Group ပိုင်ဆိုင်သော Brand ဖြစ်ပြီး ဥရောပ၏ မော်တော်ယာဉ်ထုတ်လုပ်သူများစာရင်းတွင် အကြီးမားဆုံးစာရင်းထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ၂၀၁၈ ခုနှစ်၌ ကားအစီးရေ ၃.၉ သန်းကျော် ရောင်းချခဲ့ရကာ နိုင်ငံပေါင်း ၁၆၀ တွင် ရုံးခွဲများတည်ရှိပြီး ယခု Showroom သည် မြန်မာနိုင်ငံအတွက် ပထမဆုံး Peugeot Showroom ဖြစ်ကာ နေပြည်တော်၊ မန္တလေးနှင့် အခြားမြို့များတွင်လည်း ထပ်မံဖွင့်လှစ်သွားဦးမည်ဖြစ်ကြောင်းသိရသည်။

Author