အသစ်ထပ်မံထည့်သွင်းထားတဲ့ Update များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
- Lot Numbers for Ads
- Snappier Interface
- Auto-hide Welcome Banner
- Better Screen Real Estate for Premium Dealers & Premium Ads
Lot Numbers for Ads
ကျွန်တော်တို့ MyanmarCarsDB မှာ ယခင်က ကားတစ်စီးကို ကြိုက်ပြီဆိုလျှင် မှတ်ထားရင် အလို့ငှာ Print ထုတ်၍ ဖြစ်စေ၊ URL ကို ကူး၍ဖြစ်စေမှတ်နိုင်ပေမယ့်၊ User များအတွက် အဆင်မပြေတာလေးတွေရှိကြောင်း ကျွန်တော်တို့ကို Feedback များပေးလာခဲ့ပါတယ်။
ထို့ကြောင့် ကျွန်တော်တို့ Feature အသစ်တစ်ခုအနေနှင့် ကားစာရင်းစာမျက်နှာမှာဖြစ်စေ၊ ကားတစ်စီး၏ အသေးစိတ်စာမျက်နှာမှာဖြစ်စေ၊ ကား၏ Lot Number ကို ထင်ရှားစွာပြသတော့မည်ဖြစ်ပါတယ်။ ကားစာရင်းစာမျက်နှာမှာတော့ Lot Number ကို ကား၏ ဓါတ်ပုံအောက်တွင်တွေ့နိုင်မှာဖြစ်ပြီး၊ အသေးစိတ်စာမျက်နှာ မှာတော့ Lot Number ကို အဝါရောင် Highlight လုပ်ထားသည့် box ကလေးရဲ့ အောက်မှာတွေ့နိုင်ပါတယ်။ Print ထုတ်ခဲ့ရင်လည်း Lot Number ပါမှာဖြစ်ပါတယ်။
ထို Lot Number ကို မှတ်ထားကာ ပြန်ရှာလိုပါက၊ ကျွန်တော်တို့ Site ၏ ဘယ်ဘက်အပေါ်ထောင့်မှာရှိတဲ့ search box ကလေးကို သုံးကာရှာနိုင်မှာဖြစ်ပါတယ်။ အကယ်၍ ရှာတွေ့ပါက ထိုကြော်ငြာ၏ အသေးစိတ်စာမျက်နှာသို့ သင့်ကို တစ်ခါတည်း ခေါ်သွားမှာဖြစ်ပါတယ်။ သို့သော်လည်း ရှာမတွေ့သည်သော်လည်းကောင်း၊ ကြော်ငြာ၏ သက်တမ်းကုန်ဆုံးသွားပြီသော်လည်းကောင်း ရှာမတွေ့နိုင်ပါဟု ပြောပေးမှာဖြစ်ပါတယ်။
Snappier Interface
MyanmarCarsDB ၏ Interface ကိုလည်း အသုံးပြုသူတွေပိုမို မြန်ဆန်စွာသုံးနိုင်ရေးနှင့်၊ ခေတ်နှင့်အမီဆန်းသစ်ရေးအတွက်၊ ပြုပြင်ထားတာကိုလည်း တွေ့နိုင်ပါတယ်။
Better Screen Real Estate for Premium Dealers & Premium Ads
အထက်ပါ Feature သစ်နှင့်အတူ ကျွန်တော်တို့၏ Premium Dealer များအတွက်လည်း မိမိ၏ကြော်ငြာများ ဆိုဒ်သို့ ရောက်ရောက်ခြင်းနေရာတွင် ပိုမိုမြင်သာစေရန်အတွက် ပိုမိုထင်ရှားမည့်နေရာနှင့် လှပတဲ့ဒီဇိုင်းမျိုးနှင့် ပြောင်းလဲတင်ဆက်ပေးထားပါတယ်။
အကယ်၍ MyanmarCarsDB ၏ ဧည့်ပရိတ်သတ်များအနေနှင့် Premium Dealer account လိုချင်ခဲ့သည်ရှိသော်၊ သို့မဟုတ် Premium Ad များလိုချင်ခဲ့သည်ရှိသော် ကျွန်တော်တို့ကို sales@myanmarcarsdb.com မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။ နှစ်ကူး တန်ခူးဖြစ်ပါ၍ Promotion အနေနှင့် Premium Dealer Subscription နှင့် Banner Advertisement များကို အနည်းဆုံးခြောက်လစာယူပါက ၁ဝ% discount အနေနှင့်လျှော့ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
ကျွန်တော်တို့ MyanmarCarsDB အား အစဉ်အဆက် အသစ်အသစ်သော Feature များ ထည့်ခဲ့ရာမှာ ကျွန်တော်တို့ အနေနှင့် အတိအကျ ကြေငြာခြင်းမရှိခဲ့တဲ့အတွက် ပရိသတ်တချို့ မတွေ့ ခဲ့ရတာမျိုးရှိကြပါလိမ့်မယ်။ သို့ပါ၍ ယခုမှစပြီး Feature အသစ်များထွက်တိုင်းထွက်တိုင်းမှာ ဒီလို update news များတင်ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။
ပြီးခဲ့တဲ့လများက ထပ်တိုးခဲ့တဲ့ Feature များကို MyanmarCarsDB ရဲ့ မိတ်ဆွေများ သိစေရင် အောက်မှာဖော်ပြထားပါတယ် ခင်ဗျာ။
- CIF Price Calculator အား နောက်ဆုံးသတ်မှတ်သည့် မူများနှင့် ကိုက်ညီစွာ ပြန်လည်ပြုပြင်ထားပါတယ်။
- ကားအမျိုးအစား၊ ထုတ်လုပ်သူ၊ ခုနှစ်ပေါ်မူတည်၍CIF Price များအား ရှာဖွေနိုင်ပါတယ်။
- CIF Price Search ကို Android phone များပေါ်မှာ အသုံးပြုနိုင်အောင် application အားထုတ်လုပ်လိုက်ပါတယ်။