ယခုအခါ ကျွန်တော်တို့ MyanmarCarsDB မှ ကားအရောင်းအဝယ်လုပ်ငန်းရှင်များ ကြော်ငြာတင်သူ customer များကို ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးရန် မြန်မာနိုင်ငံ ရန်ကုန်မြို့၌လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်သွားမည်ဖြစ်ရာ အောက်ပါ အလုပ်အကိုင်အခွင့်အလမ်းများအတွက် စိတ်ဝင်စားသူများအား ခေါ်ယူလိုပါသည်။ ခေတ်ပြောင်းစနစ်ပြောင်းဈေးကွက်အပြောင်းမှာ industry အဆင့်မှီ အင်တာနက် business တစ်ခုနှင့် စိတ်ဝင်စားစရာ၊ ပညာရစရာ အလုပ်လုပ်ချင်ရင်တော့ဖြင့် ကျွန်တော်တို့နဲ့သာ ဆက်သွယ်လိုက်ပါ။
Role: Sales & Marketing Assistant
Requirements
– English လို အခြေခံ ပြောနိုင် ဆိုနိုင် ရေးနိုင်သူ
– Online business, Social Media နှင့် Online Marketing ၏သဘောကို နားလည်တတ်ကျွမ်းသူ
– ပြောဆိုဆက်ဆံရေးကောင်းမွန်သူ
– Marketing, Public Relation (သို့) Business Development များနှင့်ပါတ်သက်ပြီး နာမည်ရှိ သင်တန်းကျောင်းတစ်ခုမှ certificate ရရှိပြီးသူ သို့မဟုတ် လုပ်ငန်း အတွေ့အကြုံရှိသူ များကိုဦးစားပေးမည်။
Responsibility
– MyanmarCarsDB ၏ Sales/Marketing ပိုင်းအား မြှင့်တင်ရေးအတွက် Plan များရေးဆွဲရာ၊ အကောင်အထည်ဖော်ရာတွင် ပါဝင်ကူညီရန်
– သက်ဆိုင်ရာ လုပ်ငန်းရှင်များနှင့် Sponsorship, Partnership deal များ ဆောင်ရွက်ရာတွင် တာဝန်ယူရန်
– Media နဲ့ သတင်းရေးရာကိစ္စများတွင် MyanmarCarsDB ကို ကိုယ်စားပြု ပြန်ကြားပေးရန်
– Operation Director ကို တိုက်ရိုက် report တင်ရန်
စိတ်ပါဝင်စားပါက admin@myanmarcarsdb.com ကို Cover Letter, Resume ကို ပို့လိုက်ပါ။ Facebook, LinkedIn, Twitter နှင့် Blog တို့ (ရှိရန်မလိုသော်လည်း) ရှိပါက Email ထဲမှာ ထည့်ပေးပါရန်နှင့် မြန်မာကားဝယ်ရောင်းဈေးကွက်၏ အခြေအနေနှင့် MyanmarCarsDB ၏ သက်ရောက်မှုနှင့် ပါတ်သက်၍ သော်လည်းကောင်း၊ မြန်မာနိုင်ငံ မြန်မာနိုင်ငံသားများသို့ ရည်ရွယ်သော အင်တာနက်ပေါ်မှ စီးပွားရေးများနှင့် ပါတ်သက်၍သော်လည်းကောင်း လျှောက်ထားသူ၏ အမြင်ကို စာတစ်ပိုဒ်ခန့်မျှရေးကာ ထည့်ပေးပါရန်။