ရန်ကုန်တိုင်းဒေသကြီးတွင် ပြေးဆွဲနေသော မြို့ပတ် မြန်မာ့မီးရထားသည့် ယခုအခါတွင် အရှုံးမရှိဘဲ အမြတ်ဖြင့်သာ ပြေးဆွဲပေးနေသည်ဟု မြန်မာ့မီးရထားက သိရသည်။
"အခုက အရှုံးမရှိတော့ဘူး။ ၂ဝ၁၅ လောက်စပြီး မြို့ပတ်ရထားကို ခရီးသည်တွေ စီးလာတာများလာ တဲ့ အပိုင်းမှာဘဲ ရတဲ့ဝင်ငွေနဲ့ ဆီဖိုးနဲ့ မျှသွားတဲ့အတွက်ကြောင့် အရှုံးနည်းလာရာကနေ အမြတ်ထွက်လာတဲ့ သဘောပါ။ အရင်တုန်းက အရှုံးနဲ့ ပြေးဆွဲနေရတယ်။ နောက်ပိုင်းမှာ လက်မှတ်ခကိုလဲ တပြေးညီပြောင်း လဲလိုက်တဲ့အတွက် ဝင်ငွေက တက်လာပြီး အမြတ်ထွက်လာတဲ့ အနေအထားပါ။" ဟု မြန်မာ့မီးရထား စီးပွားရေးဌာန (အထွေထွေမန်နေဂျာ) ဦးအောင်မြင့်လှိုင်က ပြောသည်။
ရန်ကုန်မြို့ပတ်မီးရထားသည် တွဲဆိုင်း ၂၅ ဆိုင်း ၊ နေ့စဉ်ခေါက်ရေ ၂၂ဝ ခေါက် ၊ ဘူတာပေါင်း ၅၅ ဘူတာကို နေ့စဉ်စီးနှင်း သည့် လူဦးရေ တစ်သိန်းနီးပါးခန့် ရှိကြောင်းသိရသည်။
ခေတ်သစ်