မီးရထားလမ်း နယ်နိမိတ်ကျူးကျော်များကို သက်ဆိုင်ရာ မီးရထားဌာန၏ အစီအစဉ် ဥပေဒအရဆောင်ရွက်သွာမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီး မီးရထားလမ်း နယ်နိမိတ်အတွင်း ကျူးကျော်များကို သက်ဆိုင်ရာ မီးရထားဌာန၏ အစီအစဉ်ဖြင့် ဥပဒေအကြောင်းအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မေ ၃ ရက်နေ့တွင် ပြောကြားသွားခဲ့သည်။

အလုံမြို့နယ်အတွင်း မြန်မာ့မီးရထားပိုင်ဆိုင်မှုရှိသည့် မြေနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကောမတီ၏ ပိုင်ဆိုင်မှု ၊ စီမံခန့်ခွဲမှုရှိသည့် မြေများထိစပ်နေသော နယ်နိမိတ်များအား နယ်နိမိတ် စည်းပိုင်းခြားသတ်မှတ်ပေးရန် အစီအစဉ်ရှိ / မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်ဌာနက ဦးဆောင်ပြီး မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည် ၊ အစီအစဉ်မရှိသေးပါက မည်သည့် အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း အလုံမြို့ နယ် ၊ မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက မေ ၃ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးတွင် မေးမြန်းမှုကို မြို့တော်ဝန်က အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးရထားလမ်းသည် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အတွင်း ကမ်းနားလမ်းနှင့် စကားစိမ်းလမ်းထောင့်မှ အစပြု၍ အောက်ကြည့်မြင်တိုင်လမ်းနှင့် ကွင်းကျောင်း လမ်းထာင့်ထိ တည်ရှိသော ကုန်သေတ္တာများ၊ ကုန်တင် မီးရထားများ၊ လွန်းပြန်အသုံးပြုသည့် မီးရထားလမ်းပိုင်းဖြစ်ကြောင်း၊ မြို့မြေစာရင်းနှင့် မြို့ကွက်ကျမြေပုံတွင် အလုံမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၂၃ N ၊ ၂၃ G၊ ၂၃ D)၊ မြေကွက်အမှတ် (၂၊ ၄/ခ၊ ၈၆)ဧရိယာစုစုပေါင်း (၁၅.၅၈၅)ဧက၊ အမည်ပေါက် မြန်မာပြည် မီးရထားဟု မှတ်သားပါဝင်ပြီး ခန့်မှန်းပေရှည်(၄၅၁၅)ပေကျော်ခန့် ရှည် ကြောင်း ၊ ယင်းလမ်းအား လက်ရှိအချိန်မှာ မြန်မာ့မီးရထားမှ ရံဖန်ရံခါမှသာ ပြေးဆွဲအသုံးပြုကြောင်း ယင်းမီးရထား တစ်လျှောက်ဘေးဝဲယာများတွင် မီးရထားမြေအတွင်း ကျူးကျော်များရှိနေကြောင်း မြို့တော်ဝန်က ပြောကြားသွားခဲ့ သည်။

"မီးရထားလမ်းပိုင်း နယ်နိမိတ်ဧရိယာနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ စီမံခန့်ခွဲခွင့်ရှိသော နယ်နိ မိတ်ဧရိယာတို့ကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို မြေစီမံ ခန့်ခွဲမှုဆိုင်ရာ လွှဲပြောင်းပေးအပ်စဉ်ကတည်းက မြို့ကွက်ကျမြေပုံမှာ နယ်နိမိတ်ပိုင်းခြားသတ်မှတ်ပါဝင်ပါတယ် ။ မီးရ ထားလမ်း နယ်နိမိတ်သတ်မှတ်တဲ့မြေပုံကိုလည်း မြန်မာမီးရထားကို ထုတ်ပေးခဲ့ပြီဖြစ်ပါတယ်။ ကွင်းဆင်းတိုင်း တာဆောင်ရွက်မူမှာ မီးရထားလမ်းနယ်နိမိတ်နဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ စီမံခန့်ခွဲခွင့်ရှိသော နယ်နိမိတ် ဧရိယာတို့ကို စနစ်တကျသတ်မှတ်ပြီးပါပြီ။ တစ်ကယ်တမ်းမှာ ဝန်ကြီးဌာနက မြေပိုင်ဆိုင်မှုဆိုတာ ထက် ကျွန်တော်တို့လိုချင်တဲ့အပိုင်းက မြေပိုင်ဆိုင်မှုအပေါ်မှာ ပြည်သူတွေအတွက် ဘယ်လောက် အကျိုးရှိအောင်လုပ် ပေးနိုင်သလဲဆိုတဲ့ သက်ဆိုင်ရာမြေပိုင်ဆိုင်ထားတဲ့ ဝန်ကြီးဌာနအနေနဲ့ လူထုအပေါ်မှာ ဘယ်လောက်အထိ အကျိုး ရှိမယ် လူထုအပေါ်မှာ အဆင့်မြင့်မြင့် ဘယ်လိုလုပ်ဆောင် ပေးရမလဲဆိုတာ အရေးကြီးပါတယ်" ဟု မြို့ တော်ဝန် ဦးမောင်မောင်စိုးက ပြောဆိုခဲ့ပါသည်။

Law Enforcement

Author