Full article

မေလထဲတွင် မြန်မာနိုင်ငံ၏ နောက်ထပ်အကြီးဆုံးကားပြပွဲတစ်ခုကို မန္တလေးမြို့ ရှိ မြို့တော်ခန်းမ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနမှ သတင်းအရ သိရှိရသည်။ အဆိုပါပြပွဲကို Smart Business Group မှစီစဉ်ခြင်းဖြစ်ပြီး မေလ ၅ရက်နေ့မှ ၈ရက်နေ့အထိ ၄ရက်ကြာပြုလုပ် သွားမည်ဖြစ်သည်။ အဆိုပါပြပွဲတွင် ကားပြခန်းများ၊ မော်တော်ဆိုင်ကယ်များ၊ ယဉ်ကန္တယားများ၊ ကားအပိုပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် ဖက်ရှင်အသုံးအဆောင်ပစ္စည်းများလည်း ပြသရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သည့်လက ရန်ကုန်မြို့တွင် အဆိုပါပြပွဲကဲ့သို့ ပြပွဲတစ်ခု ပြုလုပ်ခဲ့ပြီးဖြစ်သည်။ သတင်းများအရ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ကားအရောင်းပြခန်းပေါင်း ၅၇ခုခန့် ဖွင့်လှစ်ရန်ရှိကြောင်းသိရသည်။ တရားဝင် ထုတ်ပြန်ထားသော အချက်အလက်များအရ ၂ဝ၁၁ခုနှစ် အောက်တိုဘာလအထိ မှတ်ပုံတင်ထားသော မော်တော်ယဉ်အစီးရေပေါင်း ၂.၃သန်းခန့်ရှိသည်။

Author